Capital One Cup News

ဗိုလ်လုပွဲရောက်တဲ့ ချဲလ်ဆီး

Jan 28 , 2015

ကက်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် ချဲလ်ဆီးက လီဗာပူးကို အချိန်ပိုကစားကာ ၁းဝ ဖြင့် နိုင်ခဲ့၍ နှစ်ကျော့ပေါင်း ၂း၁ ဖြင့် နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။

ပရိသတ် လေးသောင်းကျော် လာရောက်ကြည့်ရှုသော ယင်းပွဲတွင် ချဲလ်ဆီးတိုက်စစ်ပိုင်း၌ ဟာဇတ်၊ အော်စကာ၊ ဒီယေးဂိုး ကော့စတာ တို့ပါဝင်ခဲ့ပြီး လီဗာပူးဘက်တွင် စတာလင်၊ မာကိုဗစ်တို့နှင့် ပွဲထွက်ခဲ့ကာ မိနစ် ၇၀ တွင် ဘာလိုတယ်လီ လူစားဝင် ကစားခဲ့ရသည်။

နှစ်သင်းလုံး အ၀ါကဒ် ၄ ခါစီ အပြခံခဲ့ရပြီး မိနစ် ၉၀ ပြည့်သည်အထိ ဂိုးမရှိသရေကျနေ၍ အချိန်ပို ကစားရာတွင် အချိန်ပို ၄ မိနစ်၌ ချဲလ်ဆီးမှ အီဗာနိုဗစ် က ခေါင်းတိုက်ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။

ယနေ့ညတွင် ရှဖီးယူနိုက်တက်နှင့်စပါးတို့ ဆီမီး ဒုတိယအကျော့ ကစားကြမည် ဖြစ်သည်။

U Myo Thant




<< Back Capital One Cup News


Advertisement
Here