Coppa Italia Cup News

အချိန်ပေးပါဆိုတဲ့ အင်ဇာဂီ

Jan 28 , 2015

ကိုပါအီတာလျံဖလား ကွာတားဖိုင်နယ်တွင် လာဇီယိုကို ၀း၁ ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် မီလန်နည်းပြ အင်ဇာဂီက သူ့ကိုအချိန်ပေးရန် တောင်းဆိုလိုက်သည်။

မီလန်အသင်းမှာ စီးရီးအေတွင်လည်း အဆင့် ၁၁ သို့ ရောက်ရှိနေသည့်အတွက် ဖိအားများနေသူတစ်ယောက် ဖြစ်သည်။

သို့သော် အင်ဇာဂီက "မန်ယူမှာ ဖာဂူဆန်ဟာ ဖလားရဖို့ ၇ နှစ် စောင့်ဆိုင်း ကြိုးပမ်းခဲ့ရတာ အားလုံးအသိပဲလေ၊ ဘယ်လိုပဲဖြစ်ဖြစ် အသင်းကို တည့်မတ်ထူထောင် အောင်မြင်ဖို့ဆိုတာ အချိန်ပေးရပါတယ်။ ဒီကနေ့ ညမှာ ကျနော်တို့ ကစားပုံကောင်းခဲ့တာ အားလုံးအမြင်ပါ။ ကျနော်တို့ တကယ့်ကို ဆက်ကြိုးစားသွားဦးမှာပါ။ ဥရောပ ပြိုင်ပွဲဝင်ခွင့်ရဖို့ စိတ်ထဲမှာ အမြဲရှိပါတယ်။ လောလောဆယ် လာမယ့် တနင်္ဂနွေ ပါးမားနဲ့ပွဲမှာ နိုင်ဖို့အားထုတ်သွားမှာပါ" ဟု ပြောဆိုသွားခဲ့သည်။

ပါးမားအသင်းမှာ စီးရီးအေတွင် ပွဲ ၂၀ ကစား ၉ မှတ်သာ ရထားပြီး တန်းဆင်းရရန် သေချာလုနီးပါး ဖြစ်နေသည့်အသင်းဖြစ်သည်။

သူတို့သည် တန်းဆင်းဇုန်လွတ်သော အသင်းနှင့် ၁၀ မှတ် ကွာခြားလျှက်ရှိနေသည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here