Capital One Cup News

ဒုက္ခများနှင့် ချဲလ်ဆီး

Jan 29 , 2015

ပရီးမီးယားလိဂ်ကို ဦးဆောင်နေသော ချဲလ်ဆီးအသင်းမှာ မန်စီးတီးနှင့်တွေ့ရမည့်ပွဲမတိုင်မီ ပွဲပယ်၊ ဒဏ်ရာနှင့် ဒဏ်ငွေ ကိစ္စများကြုံခဲ့ရပြီဖြစ်သည်။

နည်းပြမော်ရင်ဟိုမှာ ဒီဇင်ဘာ ၂၈ ရက်နေ့ ဆောက်သင်တန်နှင့် ပွဲအပြီးတွင် ဒိုင်လူကြီးများသည် ချဲလ်ဆီးအပေါ် အပြစ်ရှာရန် စီမံချက် တစ်ခုသဘွယ် သဘော ထားနေကြောင်း ပြောဆိုခဲ့သည့်အတွက် ဒဏ်ငွေ ပေါင် ၂ သောင်းခွဲ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး တိုက်စစ်မှူး ကော့စတာမှာ လီဗာပူးနှင့် ကက်ပီတယ်ဝမ်း ဖလားပွဲတွင် လီဗာပူးမှာ အမ်မရီကန်အပေါ် အ၀င်ကြမ်းခဲ့သည့်အပြင် အချင်းများခဲ့မှုကြောင့် ၃ ပွဲ ပယ် ပြစ်ဒဏ်ကျခံရနိုင်သော အခြေအနေရှိသည့်အတွက် မန်စီးတီးနှင့်ပွဲကို လွဲချော်နိုင်သကဲ့သို့ ဖာဘရီဂက်စ်မှာလည်း ဒဏ်ရာကြောင့် ယင်းပွဲကို မသေချာဟု သိရသည်။

ချဲလ်ဆီး၏ ထိပ်တန်း ဂိုးသွင်းရှင်ဖြစ်နေသော ကော်စတာသာ ၃ ပွဲ အပယ်ခံရပါက မန်စီးတီး၊ ဗီလာ၊ အဲဗာတန်ပွဲများကို လွဲချော်မည်ဖြစ်ပြီး ချန်ပီယံဖြစ်ရေး လမ်းကြောင်းအတွက် အခက်အခဲရှိလာနိုင်သော အခြေအနေ ဖြစ်သည်။

U Myo Thant

<< Back Capital One Cup News


Advertisement
Here