Capital One Cup News

ဗိုလ်လုပွဲတက်တဲ့ စပါး

Jan 29 , 2015

ကက်ပီတယ်ဝမ်း ဆီးမီးဖိုင်နယ် ဒုတိယအကျော့တွင် စပါးမှာ ရှဖီးယူနိုက်တက်ကို ၂ ဂိုးစီ သရေကစားကာ နှစ်ကျော့ပေါင်း ၃း၂ ဖြင့် ဗိုလ်လုပွဲသို့ တက်ရောက် သွားပြီ ဖြစ်သည်။

ထိုပွဲစဉ်ကို အဲရစ်ဆန်က ၂၈ မိနစ်၌ စပါးအတွက် ဦးဆောင်ဂိုးသွင်းခဲ့ပြီး ၇၇ မိနစ်နှင့် ၇၈ မိနစ်တို့တွင် အဒမ်စ်က ရှဖီးအတွက် ၂ ဂိုးဆက်တိုက် သွင်းပေးခဲ့သော်လည်း အဲရစ်ဆန်က ၈၈ မိနစ်တွင် အဖိုးတန်ချေပဂိုး သွင်းပေးခဲ့ခြင်း ဖြစ်သည်။

ပထမအကျော့တွင် စပါးက ၁းဝ ဖြင့် နိုင်ထားခဲ့ခြင်းကြောင့် နှစ်ကျော့ပေါင်း ရလဒ်အရ စပါးက ၀င်ဘလေကွင်းတွင် ချဲလ်ဆီးနှင့်တွေ့ရမည့် ဗိုလ်လုပွဲသို့ တက်ရောက် သွားခြင်း ဖြစ်သည်။

စပါး အနေနှင့် ယင်းဗိုလ်လုပွဲတွင် အနိုင်ရခဲ့ပါက ၂၀၀၇-၀၈ ရာသီနောက်ပိုင်း ပထမဆုံး ဖလားတစ်လုံး ဆွတ်ခူးနိုင်ခြင်းဖြစ်ပြီး ယင်း ၂၀၀၇-၀၈ တွင် ရခဲ့သည့် နောက်ဆုံးဖလားမှာလည်း ယခု ကက်ပီတယ်ဝမ်း လိဂ်ဖလားပင် ဖြစ်သည်။

ထိုဖလားပွဲတွင် စပါးက ၄ ကြိမ် ဗိုလ်စွဲထားခဲ့ဘူးသည့်အသင်း ဖြစ်သည်။

U Myo Thant

<< Back Capital One Cup News


Advertisement
Here