Europe News

ဒဏ်ရာရတဲ့ တိုရေး

Jan 29 , 2015

အိုင်ဗရီကို့စ်လက်ရွေးစင် ယာရာတိုရေးမှာ ကင်မရွန်းနှင့်ပွဲစဉ်တွင် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အိုင်ဗရီကို့စ်က ၁းဝ နှင့် နိုင်ခဲ့သော ထိုပွဲစဉ်တွင် တိုရေးမှာ ၈၂ မိနစ်၌ ဒဏ်ရာကြောင့် ဒိုကူရီနှင့် လူစားလဲခဲ့ရသော်လည်း အယ်လ်ဂျီးရီးယားနှင့် တွေ့ရမည့် ကွာတားဖိုင်နယ်ပွဲတွင်မူ ပါဝင်နိုင်မည်ဟု မျှော်လင့်လျက် ရှိသည်။

အုပ်စု D တွင် ပါဝင်သော အိုင်ဗရီကို့စ်မှာ ၃ ပွဲကစား ၅ မှတ်ဖြင့် အုပ်စု ဗိုလ်စွဲခဲ့ပြီး ကွာတားတက်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

ကွာတားပွဲစဉ်များတွင် တွေ့ကြမည့်အခြား အသင်းများမှာ ကွန်ဂိုနှင့် ဒီမိုကရက်တစ် ကွန်ဂို၊ တူနီးရှားနှင့် အီကွေတိုရီးယား ဂီနီ၊ ဂါနာနှင့် ဂီနီတို့ ဖြစ်ကြသည်။

 

U Myo Thant




<< Back Europe News


Advertisement
Here