Europe News

၆ ဂိုးအသွင်းခံရ၍ ထွက်သွားသူ

Jan 29 , 2015

ဒန်ဒီးအသင်းမှ ဂျာမနီသား ဂိုးသမား အာဗစ် ရှန့်ခ်သည် စတင်ကစားခွင့်ရသောပွဲတွင် ၆ ဂိုး အသွင်းခံခဲ့ရပြီးနောက် အသင်းမှထွက်ခွာသွားပြီဟု သိရသည်။

ရှန့်ခ်မှာ လွန်ခဲ့သော အောက်တိုဘာလတွင် ကာလတို အငှားစာချုပ်ဖြင့် ဒန်ဒီးသို့ ရောက်လာသူဖြစ်ပြီး နံပါတစ်ဂိုးသမား လေသာရန် ဒဏ်ရာရနေသောကြောင့် အရန်အဖြစ်ထားရှိရန် ခေါ်ယူထားခြင်း ဖြစ်သည်။

သို့သော် ဒုတိယဂိုးသမား စကော့ ဘိန်း ထပ်မံ ဒဏ်ရာရသွားသဖြင့် မြို့ခံပြိုင်ဘက် ဒန်ဒီး ယူနိုက်တက် ကစားရသည့် ဒါဘီပွဲစဉ်တွင် ရှန့်ခ်ဝင်ကစားခဲ့ရခြင်း ဖြစ်သည်။

ထိုပွဲတွင် ဒန်ဒီးယူနိုက်တက်က ၆း၂ ဖြင့် အနိုင်ရသွားခဲ့ပြီး ဒန်ဒီးအနေနှင့် မြို့ခံပြိုင်ဘက် ဒန်ဒီးယူနိုက်တက်နှင့်တွေ့ခဲ့သည့် ရာဇ၀င်တစ်လျှောက်တွင် ပထမဦးဆုံး ၆ ဂိုး အသွင်းခံခဲ့ရခြင်း ဖြစ်သည်။

၂၅ နှစ်သား ရှန့်ခ်မှာ ကစားသမားဘ၀ကို ဟန်ဆာရော့စတော့ အသင်းနှင့် စတင်ခဲ့ပြီး စိန့်ပေါ်လီ၊ ၀ုလ်စ်ဘတ် အသင်းများတွင်လည်း ကစားခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here