Spain King's Cup News

အသင်းကိုချီးကျူးတဲ့ ဆီမြွန်းနီ

Jan 29 , 2015

စပိန်ဘုရင့်ဖလားပွဲတွင် နှစ်ယောက်လျော့ဖြင့် ကစားသွားခဲ့သည့် အက်လလက်တီကိုအသင်း ခြေစွမ်းကို နည်းပြဆီမြွန်းနီက ချီးကျူးလိုက်သည်။

ဒုတိယအကျော့အဖြစ် အိမ်ကွင်းတွင် ဘာစီလိုနာနှင့် ကစားရသော ယင်းပွဲတွင် တောရက်စ်က ၁ မိနစ်မှာပင် အိမ်ရှင်အသင်းအတွက် ဦးဆောင်ဂိုးသွင်းခဲ့ပြီး ၉ မိနစ်တွင် နေမာက ချေပဂိုး ပြန်သွင်းခဲ့သည်။

မိနစ် ၃၀ တွင် ဂါစီယာက အက်သလက်တီကို အတွက် ဦးဆောင်ဂိုးသွင်းခဲ့သော်လည်း ၃၈ မိနစ်တွင် မီရန်ဒါက ကိုယ့်ဂိုးကိုယ်သွင်းခဲ့ခြင်းကြောင့် ၂ ဂိုးစီ သရေကျနေခဲ့သည်။

နောက် ၃ မိနစ်အကြာတွင် နေမာက ဘာစီလိုနာအတွက် ဂိုးသွင်းခဲ့သည်။

ပထမပိုင်း နာကျင်အချိန်တွင် အက်သလက်တီကိုမှ ဂါဘီမှာ တိုက်ရိုက်အနီကဒ်ဖြင့် ထွက်ခဲ့ရပြီး ၈၄ မိနစ်တွင် မာရီယို ဆွာရက်ဇ် ၂ ၀ါ ၁ နီ ဖြင့် ထွက်ခဲ့ရ၍ နှစ်ယောက်လျော့သွားသော အက်သလက်တီကိုမှာ ၂း၃ ဖြင့် အရှုံးပေးလိုက်ရခြင်း ဖြစ်သည်။

ဘာစီလိုနာမှာ နှစ်ကျော့ပေါင်း ၄း၂ ဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီ ဖြစ်သည်။

U Myo Thant




<< Back Spain King's Cup News


Advertisement
Here