Bundesliga News

နားရဦးမည့် ရီဘာရီ

Jan 30 , 2015

ဘိုင်ယန်တောင်ပံကစားသမား ရီဘာရီမှာ ဒဏ်ရာရှိနေသောကြောင့် လာမည့်ပွဲစဉ် ၃ ပွဲခန့်ကို လွဲချော်လိမ့်မည် ဖြစ်သည်။

ဘိုင်ယန်အသင်းမှာ ဒုတိယရာသီဝက် ပြန်စသည့် ပွဲစဉ်အဖြစ် ယနေ့တွင် အဆင့် ၂ မှတ် ၀ုလ်စ်ဘတ်ကို အဝေးကွင်းတွင် ရင်ဆိုင်ရမည်ဖြစ်ပြီး ရီဘာရီနှင့် အတူ နောက်တန်းမှ ရာဖင်ဟာလည်း မပါနိုင်ကြောင်း သိရသည်။

ပြင်သစ်လက်ရွေးစင် ရီဘာရီမှာ ဗုဒ္ဓဟူးနေ့ လေ့ကျင့်ရေးတွင် ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ၀ုလ်စ်ဘတ်၊ ရှော့ကေး၊ စတုဂတ်တို့နှင့် တွေ့ရမည့်ပွဲများကို လွဲချော်မည်ဖြစ်သည်။

ဘရာဇီးသား နောက်ခံလူ ရာဖင်ဟာမှာလည်း ဘယ်ဘက်ခြေကျင်းဝတ်တွင် ဒဏ်ရာရရှိခဲ့ခြင်းကြောင့် အနည်းဆုံး ၂ ပတ်ခန့် နားရမည် ဖြစ်သည်။

ဘိုင်ယန်မှာ လောလောဆယ် ဘွန်ဒစ်လီဂါတွင် အနီးဆုံး ပြိုင်ဘက်ကို ၁၁ မှတ်ဖြတ် ဦးဆောင်နေသည့် အသင်းဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here