Bundesliga News

အရှုံးကြီးရှုံးတဲ့ ဘိုင်ယန်

Jan 31 , 2015

ဘွန်ဒစ်လီဂါအမှတ်ပေးဇယားကို ဦးဆောင်နေသော ဘိုင်ယန်အသင်းမှာ ဒုတိယရာသီပွဲဦးထွက် ပွဲစဉ်တွင် ဒုတိယနေရာမှ ၀ုလ်စ်ဘတ်ကို ၄း၁ ဖြင့် ဂိုးပြတ် ရှုံးခဲ့သည်။

ဝုလ်စ်ဘတ် အသင်းမှာ ပွဲချိန် ၅၅ မိနစ်အထိ ၃ ဂိုးပြတ်ဖြင့် ဦးဆောင်ထားနိုင်ခဲ့ပြီး ဘိုင်ယန်မှ ဘားနတ်က ချေပဂိုး ၁ ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ၀ုလ်စ်ဘတ်က နောက်တစ်ဂိုးသွင်းကာ ၄း၁ ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

အိမ်ရှင် ၀ုလ်စ်ဘတ်အတွက် ဒို့စ်နှင့် ဘရိုင်နီတို့က ၂ ဂိုးစီ သွင်းယူခဲ့ခြင်းဖြစ်သည်။

ဘိုင်ယန်နောက်ခံလူ ဘိုတန်းက မိမိတို့ အနေနှင့် ဤကစားပုံမျိုး နောက်ထပ်မကစားမိရန် ကြိုးစားရမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

ယခု ရှုံးခဲ့သော်လည် ဘိုင်ယန်မှာ အနီးဆုံးပြိုင်ဘက် ၀ုလ်စ်ဘတ်ကို ၈ မှတ်ဖြတ်ထားနိုင်ဆဲ ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here