Europe News

မကစားရတော့တဲ့ ဘင်းအာဖာ

Jan 31 , 2015

ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ ဘင်းအာဖာမှာ နိုက်စ်အသင်းသို့ ပြောင်းခဲ့သော်လည်း ဖီဖာစည်းမျဉ်းအရ ယခုရာသီကုန်အထိ ကစားခွင့်ရမည်မဟုတ်ဟု သိရသည်။

အသက် ၂၇ နှစ်ရှိ ဘင်းအာဖာမှာ နယူးကာဆယ်ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ယခုလ အစောပိုင်းတွင် နိုက်စ်သို့ ပြောင်းရွေှ့ခဲ့သော်လည်း ယင်းကြားကာလ တွင် ဟောလ်စီးတီးသို့ ကာလတိုအငှားဖြင့် သွားကစားခဲ့သေးသူ ဖြစ်သည်။

ဖီဖာဥပဒေတွင် ကစားသမားတစ်ဦးသည် တရားဝင်ပြိုင်ပွဲများအတွက် တစ်ရာသီအတွင်း ကလပ် ၂ ခုထက် ပိုကစားခွင့်မရှိသည့်အတွက် ယခုရာသီတွင် နယူးကာဆယ်နှင့် ဟောလ်စီးတီးတို့တွင် ကစားခဲ့ပြီးသော ဘင်းအာဖာမှာ နိုက်စ်ကိုယ်စားပြု၍ ကစားခွင့်မရရှိခြင်း ဖြစ်သည်။

ပြင်သစ်လက်ရွေးစင်ဖြစ်သူ ဘင်းအာဖာမှာ ရီးဒင်းကို ၅း၂ ဖြင့် နိုင်ခဲ့သည့် ယူ-၂၁ ပွဲတွင် နယူးကာဆယ်အတွက် သြဂုတ်လအတွင်း ၀င်ကစားခဲ့ ပြီးနောက် ဟောလ်စီးတီးသို့ ပြောင်းရွေှ့ခဲ့သူ ဖြစ်ပြီး ယင်း ယူ-၂၁ ပွဲမှာ တရားဝင်ပြိုင်ပွဲအဖြစ် ဖီဖာက သတ်မှတ်ခဲ့ခြင်းကြောင့် နိုက်စ်အတွက် ပါဝင်ကစားခွင့် မရှိတော့ခြင်း ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here