Europe News

ဆီမီးတက်တဲ့ ဂါနာ

Feb 02 , 2015

၂၀၁၅ အာဖရိကနိုင်ငံများ ဖလားကွာတားဖိုင်နယ်တွင် ဂါနာက ဂီနီကို ၃ ဂိုးပြတ်ဖြင့် နိုင်ကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်သည်။

ဂါနာအတွက် အတ်ဆုက ၂ ဂိုး နှင့် အပီးယားက ၁ ဂိုးသွင်းယူခဲ့ခြင်းဖြစ်ပြီး ဂါနာသည် လာမည့် ၆ ရက်နေ့တွင် အိမ်ရှင် အီကွေတိုးရီးယယ် ဂီနီနှင့် ဆီမီးဖိုင်နယ်ပွဲ ကစားရမည် ဖြစ်သည်။

အခြား ကွာတားဖိုင်နယ်တွင် အိုင်ဗရီကို့စ်က အယ်လ်ဂျီးယားကို ၃း၁ ဖြင့် အနိုင်ရခဲ့ပြီး အိုင်ဗရီကို့စ်မှာ ဆီမီးတွင် ကွန်ဂို ဒီမိုကရက်တစ် အသင်းနှင့် လာမည့် ၅ရက်နေ့တွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

၇ ရက်နေ့တွင် တတိယနေရာလုပွဲနှင့် ၈ ရက်နေ့ညတွင် နောက်ဆုံး ဗိုလ်လုပွဲတို့ ကစားကြမည် ဖြစ်သည်။

ဂါနာနှင့် ဂီနီတို့ပွဲတွင် ဂီနီဘက်၌ အ၀ါကဒ် အပြခံရယူ ၄ ဦးနှင့် ၂ ၀ါ ၁ နီဖြင့် ထွက်ရသူ ၁ ဦးရှိခဲ့ပြီး ဂါနာဘက်တွင် မည်သူမျှ အ၀ါကဒ် အပြခံရခြင်း မရှိခဲ့ပေ။

U Myo Thant




<< Back Europe News


Advertisement
Here