Serie-A News

မီလန်ကို ချီးကျူးတဲ့ မီနက်ဇ်

Feb 02 , 2015

၃ ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ပြီးနောက် ယမန်နေ့က ပါးမားကို နိုင်ခဲ့သည့် မီလန်၏ ကစားပုံကို ပြင်သစ်သား မီနက်ဇ်က ချီးကျူး ပြောဆိုလိုက်သည်။

မီလန်အသင်းမှာ နောက်ဆုံးကစားခဲ့သည့် စီးရီးအေ ၂ပွဲနှင့် ကိုပါအီတာလျံပွဲ ၁ ပွဲတို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် ယမန်နေ့က ဇယားအောက်ဆုံးမှ ပါးမားကို ၃း၁ ဖြင့် ပြန်လည် အနိုင်ရရှိခဲ့သည်။

၁၇ မိနစ်တွင် ပင်နယ်တီမှ တစ်ဆင့် ဂိုးသွင်းနိုင်ခဲ့ပြီး ၅၇ မိနစ်တွင် နောက်ထပ် ၁ ဂိုးသွင်းယူနိုင်ခဲ့သည့် မီနက်ဇ်မှာ ထိုပွဲစဉ်အတွက် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည်။

မီနက်ဇ်က "ဘာပဲဖြစ်ဖြစ် ကျနော်တို့ လမ်းကြောင်းမှန်ကို ပြန်ရောက်လာပါပြီ။ ကျနော်တို့ဟာ အသင်းအတွက် ရှိသမျှ ပေးဆပ်အုံအောပြီး ကြိုးစားကစား ခဲ့ကြတာကြောင့် အခုလို နိုင်ပွဲရခဲ့တာပါ။ ဒီပွဲမှာ မီလန်အသင်း ကစားသွားပုံဟာ ပြီးပြည့်စုံအောင် ကောင်းမွန်လှတဲ့ ကစားပုံမျိုး မဟုတ်ခဲ့ပေမယ့် ကျနော်တို့အတွက် ပင်ပန်းခံရကျိုးနပ်ခဲ့တဲ့ ပွဲပါ။ လာမယ့်ပွဲတွေမှာလည်း အခုလို အပျော်နဲ့ အဆုံးသတ်နိုင်အောင် ကြိုးစားသွားမှာပါ" ဟု ပြောဆိုသွားခဲ့သည်။

မီလန်သည် ယခုနိုင်ပွဲကြောင့် အဆင့် ၈ သို့ ရောက်ရှိလာပြီ ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here