FA Cup News

ရေပန်းစားလာတယ်ဆိုတဲ့ ဗန်ဂေါလ်

Feb 04 , 2015

ကိန်းဘရစ်ခ်ျကို ၃ ဂိုးပြတ်ဖြင့် နိုင်ပြီးနောက် မန်ယူအသင်းမှာ FA ဖလားတွင် ဗိုလ်စွဲရန် ရေပန်းစားလာကြောင်း နည်းပြ ဗန်ဂေါလ်က ပြောဆိုလိုက်သည်။

မန်ယူအသင်းမှာ FA ဖလား စတုတ္ထဆင့် ပြန်ကန်ပွဲတွင် ကိန်းဘရစ်ခ်ျကို မာတာ၊ ရိုဂျို၊ ၀ီလ်ဆင်တို့၏ ဂိုးများနှင့် နိုင်ခဲ့ခြင်းဖြစ်ပြီး ပဉ္စမဆင့်တွင် လိဂ်ဝမ်းအသင်းဖြစ်သော ပရက်စတန်နှင့် အဝေးကွင်းပွဲ ကစားရမည် ဖြစ်သည်။

ဗန်ဂေါလ်က "အခုဆိုရင် ကျနော်တို့ဟာ FA ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းစားလာပါပြီ။ ဘာကြောင့်လည်းဆိုတော့ ဒီအဆင့်ရောက်လာတဲ့ အသင်းတွေထဲမှာ ကျနော်တို့က အဆင့်အမြင့်ဆုံးဖြစ်ပြီး FA ဖလားသမိုင်းမှာလည်း သိပ်ကို မအောင်မြင်ခဲ့ဘူးလို့ပါ။ ဒီအဆင့်မှာ အာဆင်နယ်တို့ လီဗာပူးတို့ ရှိသေးတာ မှန်ပါတယ်။ ဒါပေမယ့် ကျနော်တို့ကို လူတွေက ထင်ကြေးအပေးဆုံး ဖြစ်မှာပါ။ ကျနော် လောင်းကစားသမား မဟုတ်ပေမယ့် ကျနော်တို့ကို ဆန့်ကျင်ပြီး လောင်းမယ့်သူ ရှိပါ့မလား။ စဉ်းစားပေါ့၊ ကျနော်ဟာ ဘယ်လိဂ်ကို ရောက်ရောက် ပထမဆုံးရာသီမှာ ဆုဖလားရလေ့ရှိတာကြောင့် အခု ဒီ FA ဖလားရဖို့က အဓိက ပန်းတိုင်ဖြစ်လာပါပြီ" ဟု ပြောဆို သွားခဲ့သည်။

လီဗာပူးအသင်းမှာ ယနေ့ည စတုတ္ထဆင့် ပြန်ကန်ပွဲတွင် ဘော်လ်တန်နှင့် အဝေးကွင်းပွဲ ကစားရမည်ဖြစ်ပြီး အာဆင်နယ်မှာ ပဉ္စမဆင့်တွင် မစ်ဒယ်ဘရော့နှင့် အိမ်ကွင်းပွဲ ကစားရမည် ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here