Bundesliga News

စိတ်ပျက်သွားတဲ့ ဟက်ကင်း

Feb 04 , 2015

ဘိုင်ယန်နှင့် အမှတ်ပိုနီးကပ်သွားမည့် အခွင့်အရေးနှင့် လွဲခဲ့ရသည့် သရေပွဲကြောင့် စိတ်ပျက်မိကြောင်း ၀ုလ်စ်ဘတ်နည်းပြ ဟက်ကင်းက ပြောဆိုလိုက်သည်။

ယမန်နေ့က ပွဲစဉ်တွင် ဇယားထပ်မှ ဘိုင်ယန်မှာ အိမ်ကွင်းတွင် ရှော့ကေးနှင့် သရေကျသွားခဲ့သော်လည်း ဒုတိယနေရာမှ ၀ုလ်စ်ဘတ်မှာ အဝေးကွင်းတွင် ဖရန့်ဖတ်နှင့် သရေကျခဲ့သဖြင့် အမှတ်ကွာဟမှုလျှော့ချနိုင်မည့် အခွင့်အရေးနှင့် လွဲချော်ခဲ့ရသည်။

ဘွန်ဒစ်လီဂါ ဒုတိယရာသီဝက်အစ ဖြစ်သည့် ပြီးခဲ့သောပွဲစဉ်တွင် ၀ုလ်စ်ဘတ်မှာ ထူးထူးခြားခြား ဘိုင်ယန်ကို ၄း၁ ဖြင့် အနိုင်ယူခဲ့သူဖြစ်သည်။

ဝုလ်စ်ဘတ်မှာ ယခုပွဲစဉ်တွင် အိမ်ရှင် ဖရန့်ဖတ်ထက် ဂိုးပေါက် ကန်သွင်းချက်လျော့နည်းခဲ့သော်လည်း ဂိုးရရန် အခွင့်အရေး ပိုရခဲ့သည်။

သို့သော် ထိုသေချာပေါက် ဂိုးရရန်အခွင့်အရေးများထဲတွင် ၁ ကြိမ်သာ ဂိုးရခဲ့၍ ဟက်ကင်းက တိုက်စစ် ကစားပုံအပေါ် စိတ်ပျက်ခဲ့ရသည်။

ဟက်ကင်းက "သရေကျခဲ့၍ စိတ်ပျက်ရသည်မှာ မှန်သော်လည်း ၂ ပွဲတွင် ၄ မှတ်ရအောင် ကစားခဲ့သည့် ကစားသမားများမှာ တာဝန်ကျေကြပါသည်" ဟု နောက်ပိုင်းတွင် ဆက်လက်ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here