Europe News

အထုတ်ခံရတဲ့ ဒိုင်လူကြီး

Feb 04 , 2015

၂၀၁၅ အာဖရိကနိုင်ငံများ ဖလားပွဲကွာတားဖိုင်နယ်ပွဲစဉ်တွင် အိမ်ရှင်အသင်းသို့ အငြင်းပွားဘွယ် ပင်နယ်တီကန်ခွင့်ပေးခဲ့သည့် ကွင်းလယ်ဒိုင်လူကြီးကို မိခင်နိုင်ငံ သို့ ပြန်ပို့လိုက်ပြီ ဖြစ်သည်။

အိမ်ရှင် အီကွေတိုရီယယ် ဂီနီနှင့် တူနီးရှားတို့ ကစားခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ပွဲစဉ်တွင် တူနီးရှားက မိနစ် ၇၀ တွင် ဂိုးစတင်ရခဲ့ပြီး နာကျင်အချိန်ပို ရောက်သည် အထိ ဦးဆောင်ထားနိုင်ခဲ့သည်။

သို့သော် နာကျင်အချိန်ပို ၃ မိနစ်တွင် မောရစ်သျှလူမျိုး ကွင်းလယ်ဒိုင် ဆီးချန်က အိမ်ရှင်အသင်းကို အငြင်းပွားဘွယ် ပင်နယ်တီ ကန်ခွင့်ပေးခဲ့သဖြင့် တူနီးရှား ကစားသမားများ၏ ပြင်းထန်စွာ စောဒကတက်ခြင်းကို ခံခဲ့ရသည်။

သို့သော်လည်း ပင်နယ်တီကန်ခွင့်ပေးခဲ့သဖြင့် ဘာလ်ဘိုအာက အိမ်ရှင်အတွက် ချေပဂိုး သွင်းနိုင်ခဲ့သည်။

ထို့နောက် အချိန်ပိုဆက်ကစားရာ ၁၀၂ မိနစ်တွင် ဘာလ်ဘိုအာကပင် အနိုင်ဂိုးသွင်းခဲ့၍ အိမ်ရှင်မှာ ဆီမီးဖိုင်နယ် တက်သွားခဲ့သည်။

နှစ်သင်းမှနည်းပြများ၊ အရန်ကစားသမားများပါ ငြင်းခုန်ခဲ့ကာ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အာဖရိကဘောလုံးအဖွဲ့ချုပ်က ယင်းကွင်းလယ်ဒိုင်ကို မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့သည်။

ထို့အပြင် ပြိုင်ပွဲများတွင် ဒိုင်လုပ်ခွင့်ကိုလည်း ၆ လ ပိတ်ပင်လိုက်သည်။

U Myo Thant




<< Back Europe News


Advertisement
Here