FA Cup News

ဒဏ်ငွေသာဆောင်ရမည့် ၀က်စ်ဟမ်း

Feb 05 , 2015

FA ဖလားပွဲစဉ်တွင် ဆီနီဂေါတိုက်စစ်မှူးကို ထည့်ကစားခဲ့သည့် ကိစ္စအတွက် စုံစမ်းခံခဲ့ရသော ၀က်စ်ဟမ်းအသင်းမှာ ပြစ်ဒဏ်အဖြစ် ဒဏ်ငွေ ပေါင် ၇၁၀၀၀ ကိုသာ ပေးဆောင်ရတော့မည် ဖြစ်သည်။

ဆီနီဂေါတိုက်စစ်မှူး ဆာခိုမှာ ကျောဒဏ်ရာရှိနေသည်ဟု ဆိုကာ အာဖရိကနိုင်ငံများဖလားပွဲသို့ သွားရောက်ကစားရန် ငြင်းဆိုခဲ့သော်လည်း ၀က်စ်ဟမ်းအသင်း၏ FA ဖလား စတုတ္ထဆင့်ပွဲအဖြစ် ဘရစ္စတိုနှင့် ပွဲတွင် ၀င်ရောက်ကစားခဲ့ပြီး အနိုင်ဂိုးကိုပါ သွင်းပေးခဲ့သည်။

ဖီဖာ ဥပဒေအရ နိုင်ငံအသင်းအတွက် ကစားရန် အကြောင်းမဲ့ငြင်းပိုင်ခွင့်မရှိသကဲ့သို့ ဒဏ်ရာကိုအကြောင်းပြခဲ့ပါကလည်း မှန်ကန်ကြောင်း  သက်သေပြရမည် ဖြစ် သည်။

ဆာခိုအနေနှင့် ကျောဒဏ်ရာကြောင့် လေယာဉ်မစီးနိုင်၍ သွားရောက် ကစားနိုင်ခြင်း မရှိကြောင်း၊ ၀က်စ်ဟမ်းအတွက် ကစားရာတွင် ကားဖြင့်သွား ရခြင်းကြောင့် ဖြစ်ကြောင်း၊ ၀က်စ်ဟမ်း ပူးတွဲအသင်းပိုင်ရှင် ဆူလေဗန်က အကြောင်းပြချက် ပေးခဲ့သည်။

ဘရစ္စတိုအသင်းအနေနှင့် ၀က်စ်ဟမ်းကို ဖီဖာက FA ဖလားပွဲမှ ထုတ်ပယ်လိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း ယခုအခါတွင်မူ ဒဏ်ငွေဖြင့်သာ အမှုပြီးပြတ် သွားပြီ ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here