Bundesliga News

အောက်ဆုံးက မတက်တဲ့ ဒေါ့မွန်

Feb 05 , 2015

၂၀၁၁ နှင့် ၂၀၁၂ တို့တွင် ဘွန်ဒစ်လီဂါ ချန်ပီယံဖြစ်ခဲ့သော ဒေါ့မွန်မှာ ယခုရာသီတွင် ရလဒ်များဆိုးရွားနေပြီး ယမန်နေ့က အိမ်ကွင်းပွဲစဉ်တွင်လည်း အော့စဘတ်ကို ရှုံးကာ ဇယားအောက်ဆုံးတွင် ရှိနေဆဲ ဖြစ်သည်။

ပရိသတ် ၈ သောင်းကျော် လာရောက်ကြည့်ရှုခဲ့သော ထိုပွဲစဉ်တွင် ပြိုင်ဘက် အော့စဘတ်မှ ဘိုဘာဒီလာက အနိုင်ဂိုးသွင်းယူခဲ့ပြီး ၆၄ မိနစ်တွင် ဂျန်ကာ အထုတ်ခံခဲ့ရ၍ တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည့် အော့စဘတ်မှာ ထိုအနိုင်ဂိုးကို ဆက်ထိန်းသွားနိုင်ခဲ့သည်။

အော့စဘတ်မှာ ဒေါ့မွန်ကို ပထမဆုံး အနိုင်ရသည့် စံချိန်တင်သွားခဲ့ခြင်းဖြစ်ပြီး ဒေါ့မွန် ဂိုးသမား ၀ိုင်ဒန်ဖယ်လာနှင့် နောက်ခံလူ ဟမ်းမဲလ်တို့မှာ ပရိသတ်များ ၏ ဒေါသထွက်မှုကို ခံခဲ့ကြရသည်။

အော့စဘတ်အနေနှင့် ယခုပွဲတွင် အနိုင်ရရှိခဲ့ခြင်းကြောင့် အဆင့် ၄ သို့ ရောက်ရှိသွားခဲ့ပြီး ဒုတိယရာသီဝက် ပြန်စချိန်တွင် ၂ ပွဲ ကစား ၁ မှတ်သာ ရခဲ့သည့် ဒေါ့မွန်မှာ တန်းဆင်းဇုန်မှ လွတ်ရန် ရုန်းကန်ရဦးမည် ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here