Coppa Italia Cup News

ကစားသမားတွေကို ဝေဖန်တဲ့ မန်ချီနီ

Feb 05 , 2015

နာပိုလီအသင်းကို ရှုံးခဲ့သည့်ပွဲတွင် မိမိကစားသမားများ၏ ကစားပုံမှာ ကြက်ကလေးများသဘွယ် ဖြစ်ကြောင်း အင်တာအသင်းနည်းပြ မန်ချီနီက ပြစ်တင်ဝေဖန် လိုက်သည်။

ကိုပါအီတာလျံဖလား ကွာတားဖိုင်နယ်ပွဲအဖြစ် နာပိုလီ အိမ်ကွင်းတွင် ကစားခဲ့သည့် ယင်းပွဲစဉ်၌ နာပိုလီမှ ဟီဂူအင်က နာကျင်အချိန်ပို ၃ မိနစ်တွင်မှ အနိုင်ဂိုး သွင်းသွားခဲ့ခြင်း ဖြစ်သည်။

အာဂျင်တီးနားသား တိုက်စစ်မှူး ဟီဂူအင်က အင်တာ နောက်ခံလူ ရာနိုချီယာ၏ အမှားမှတစ်ဆင့် ဂိုးသွင်းယူသွားခြင်းဖြစ်ပြီး အင်တာအတွက် နောက်ဆုံး ၃ ပွဲတွင် ၃ ပွဲလုံး အရှုံးဆက်သွားစေသည့် ပွဲဖြစ်သည်။

မန်ချီနီက အင်တာကစားသမားများ ကစားပုံမှာ ကြက်ကလေးများသဘွယ် တောင်ပြေးမြောက်ပြေးနေပုံနှင့်တူကြောင်း၊ ဂိုးလွယ်လွယ်ပေးရသည့် အမှားကြီးကြီးမျိုး အတွက် အကျိုးဆက်ကို ခံစားရခြင်းဖြစ်ကြောင်း ဝေဖန်သွားခဲ့သည်။

ဘင်နီတက်၏ ကိုင်တွယ်နေသော နာပိုလီမှာ နှစ်ကျော့ကစားရမည့် ဆီမီးဖိုင်နယ်တွင် လာဇီယိုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here