FA Cup News

မန်ယူကြောင့် အမြတ်ထွက်တဲ့ ကိန်းဘရစ်ခ်ျ

Feb 05 , 2015

FA ဖလားစတုတ္ထဆင့်တွင် မန်ယူနှင့် ဆုံခဲ့ရသည့် ကိန်းဘရစ်ခ်ျမှာ အိုးလ်ထရက်ဖို့ဒ်တွင် သွားရောက်ကစားခဲ့ရခြင်းကြောင့် ပေါင်တစ်သန်းကျော် ၀င်ငွေ ရရှိခဲ့သည်။

ပထမအကျော့ အိမ်ကွင်းတွင် သရေကျခဲ့သဖြင့် ဒုတိယအကျော့ကို မန်ယူအိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်၌ သွားရောက်ကစားခဲ့ရပြီး ထိုကစားခွင့်မှ ပေါင်တစ်သန်းကျော် ရရှိခဲ့ခြင်း ဖြစ်သည်။

လိဂ်တူး အဆင့်သာရှိသော ကိန်းဘရစ်ခ်ျအတွက် ပေါင် တစ်သန်း ဆိုသည်မှာ များပြားလှသော ၀င်ငွေဖြစ်ပြီး အသင်း၏ ဘဏ္ဍာရေး အခြေအနေ ကို တောင့်တင်းသွားစေခဲ့ကြောင်း၊ မိမိတို့အသင်းအနေနှင့် ပုံမှန်ရပ်တည်သွားနိုင်ရန် အတွက် ရုန်းကန်ခဲ့ရသော ကာလများရှိခဲ့ကြောင်း၊ မိမိတို့ ကစားသမားများကို ဆက်ထိန်းသွားနိုင်ရန်လိုသကဲ့သို့ လိဂ်ဝမ်းသို့ တက်ကစားခွင့်ရရေးအတွက်လည်း လာမည့်ရာသီတွင် ကြိုးစားသွားရဦးမည်ဖြစ်ကြောင်း နည်းပြ ရစ်ချတ်မန်းနီး က ပြောဆိုသွားခဲ့သည်။

လောလောဆယ်တွင် ကိန်းဘရစ်ခ်ျမှာ ၂၄ သင်း ပါ လိဂ်တူးတွင် ၂၇ ပွဲ ကစား ၃၆ မှတ်ဖြင့် အဆင့် ၁၄ တွင် ရှိနေသော အသင်း ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here