Europe News

နိုင်ရမယ်ဆိုတဲ့ အိုင်ဗရီကို့စ် နည်းပြ

Feb 05 , 2015

၂၀၁၅ အာဖရိကဖလား ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရခဲ့ပြီဖြစ်သော အိုင်ဗရီကို့စ်အသင်းအနေနှင့် နိုင်ပွဲရရန် မဖြစ်မနေကြိုးစားရဦးမည်ဖြစ်ပြီး နိုင်ရမည်ဆိုသော စိတ်နှင့် ကစားသွားရန် နည်းပြ ရီနာ့ဒ်က ပြောဆိုလိုက်သည်။

အိုင်ဗရီကို့စ် အသင်းမှာ ဆီမီးဖိုင်နယ်တွင် ကွန်ဂိုဒီမိုကရက်တစ် အသင်းကို ၃း၁ ဖြင့် အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်တွင် ကစားခဲ့ကြသည့် တိုရေးနှင့် ဂါဗင်ဟိုတို့က ဂိုးများသွင်းယူနိုင်ခဲ့ကာ မန်စီးတီးက ခေါ်ယူထားသည့် ဘိုနီက ဂိုးရရေးအတွက် ၂ ကြိမ် ဖန်တီးပေးနိုင်ခဲ့သည်။

နည်းပြ ရီနာ့ဒ်က "အရိုးသားဆုံးပြောရရင် အဲဒီ အနိုင်ပွဲကို ကျနော် မကြိုက်ပါဘူး။ ပထမပိုင်း ကစားပုံဟာ ဆိုးခဲ့သလို အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ မထင်ပါဘူး။ ကျနော်တို့ ဗိုလ်လုပွဲတက်ခဲ့ပြီ ဆိုပေမယ့် အဲဒီပွဲမှာ နိုင်ချင်တယ်ဆိုရင် နိုင်ကို နိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ ကစားရပါလိမ့်မည်" ဟု ပြောဆိုခဲ့သည်။

အိုင်ဗရီကို့စ် အနေနှင့် ဘာတာတွင် ကျင်းပမည့် ဗိုလ်လုပွဲတွင် အိမ်ရှင် အီကွေတိုရီယယ် ဂီနီ (သို့မဟုတ်) ဂါနာနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရခဲ့ပါက ၂၃ နှစ်အတွင်း အာဖရိကဖလားကို ပထမဆုံး ပြန်ရခြင်းအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here