Europe News

ပွဲပယ်ခံရသော မော်ရိုကို

Feb 07 , 2015

၂၀၁၅ အာဖရိကဖလား အိမ်ရှင်ဖြစ်ခွင့်ကို ငြင်းဆိုခဲ့သော မော်ရိုကိုမှာ ၂၀၁၇ နှင့် ၂၀၁၉ ပြိုင်ပွဲများတွင် ၀င်ရောက်ပါဝင်ခွင့်မပြုရန် အာဖရိကဘောလုံးအဖွဲ့ချုပ် က ပြစ်ဒဏ်ချမှတ်လိုက်သည်။

မော်ရိုကိုမှာ ၂၀၁၅ ဇန်န၀ါရီတွင် ကျင်းပရမည့် အာဖရိက နိုင်ငံများဖလားပွဲတွင် အိမ်ရှင်လုပ်ရန် ရွေးချယ်ခံခဲ့ရသော်လည်း အီဘိုလာ ကူးစက်ရောဂါဘေးကို စိုးရိမ်သည့်အတွက် ၂၀၁၆ တွင်မှ ကျင်းပရန်နှင့် သို့မဟုတ်ပါက အိမ်ရှင်အသစ်ရွေးချယ်ရန် တောင်းဆိုခဲ့သူ ဖြစ်သည်။

ထို့ကြောင့် အာဖရိက ဘောလုံးအဖွဲ့ချုပ်က ယခုကျင်းပနေဆဲဖြစ်သော ၂၀၁၅ အာဖရိကဖလားပွဲကို အီကွေတိုရီယယ် ဂီနီတွင် ကျင်းပစေခဲ့သည်။

အာဖရိကဘောလုံးအဖွဲ့ချုပ်သည် ထိုပြစ်ဒဏ်အပြင် မော်ရိုကို ဘောလုံးအဖွဲ့ချုပ်အား ဒဏ်ငွေအမေရိကန် ဒေါ်လာ တစ်သန်း ချမှတ်ခဲ့သည်။

အလားတူ ပြီးခဲ့သည့် ကြာသာပတေးနေ့ ဂါနာနှင့် ဆီမီးဖိုင်နယ်တွင် မိမိပရိသတ်များကို မထိန်းနိုင်ခဲ့သော အိမ်ရှင် အီကွေတိုရီယယ် ဂီနီ ဘောလုံးအဖွဲ့ချုပ်ကို ဒဏ်ငွေ  ဒေါ်လာတစ်သိန်းနှင့် အာဖရိက ဘောလုံးအဖွဲ့ချုပ်ကို စော်ကား ပြောဆိုခဲ့သည့် တူနီးရှား ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဂျာရီကို ဘောလုံးနှင့် ပတ်သက်သည့် မည်သည့် ကိစ္စရပ်များတွင်မှ ပါဝင်ပတ်သက်မှု မရှိစေရန် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

U Myo Thant




<< Back Europe News


Advertisement
Here