Serie-A News

မီလန်ကိုဝေဖန်တဲ့ တောရက်စ်

Feb 07 , 2015

မိမိအနေနှင့် မီလန်ထံမှ စောစီးစွာထွက်ခဲ့ရသည့် အကြောင်းရင်းထဲတွင် မီလန်၏ ကတိမတည်မှုများက အဓိကဖြစ်ကြောင်း တိုက်စစ်မှူး တောရက်စ်က ပြောဆိုလိုက်သည်။

စပိန်လက်ရွေးစင် တိုက်စစ်မှူး တောရက်စ်မှာ ချဲလ်ဆီးတွင် စိတ်ပျက်ဘွယ်ရာ ၃ နှစ်ခွဲကြာ ကာလကို ဖြတ်သန်းခဲ့ရပြီးနောက် လွန်ခဲ့သော သြဂုတ်လတွင် မီလန်သို့ ၂ နှစ် အငှားစာချုပ်ဖြင့် ပြောင်းရွေှ့ခဲ့သူ ဖြစ်သည်။

သို့သော် တောရက်စ်မှာ ၂ နှစ် စာချုပ်ချုပ်ထားသော်လည်း ယခု ဇန်န၀ါရီတွင် ဇာတိမြေမှ အသင်းဟောင်း အက်သလက်တီကိုသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

နည်းပြ အင်ဇာဂီ၏ မီလန်အတွက် တောရက်စ်မှာ ၁၀ ပွဲသာ ကစားခဲ့ရပြီး သွင်းဂိုးမှာလည်း ၁ ဂိုးသာ ရှိခဲ့သည်။

မီလန်အနေနှင့် တောရက်စ်အပေါ် ပုံမှန်ကစားခွင့်နှင့်အတူ အပြီးသတ်စာချုပ်ချုပ်ဆိုရေးတို့အတွက်ပါ မက်လုံးပေးခေါ်ယူခဲ့သော်လည်း နောက်ထပ်စိတ်ပျက်စရာရာသီ ဖြစ်ခဲ့ရသည့်အပြင် အီတလီသား ဆာစီကို ပြန်ခေါ်လိုခြင်းကြောင့် တောရက်စ်အနေနှင့် အက်သလက်တီကိုသို့ ပြောင်းခဲ့ကာ ရီးရဲလ်၊ ဘာစီလိုနာတို့နှင့်ပွဲများတွင် ၃ ဂိုး သွင်းပေးနိုင်ခဲ့သည်။

သူသည် ယနေ့ည ရီးရဲလ်နှင့် မက်ဒရစ်ဒါဘီပွဲစဉ်တွင် အက်သလက်တီကိုဘက်မှ ပါဝင်ဦးမည် ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here