Europe News

ဗိုလ်စွဲခဲ့သော အိုင်ဗရီကို့စ်

Feb 09 , 2015

၂၀၁၅ အာဖရိကနိုင်ငံများဖလား နောက်ဆုံး ဗိုလ်လုပွဲတွင် အိုင်ဗရီကို့စ်က ဂါနာကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီ ဖြစ်သည်။

ထိုပွဲစဉ်တွင် ပွဲချိန် မိနစ် ၉၀ ပြည့်သည်အထိ ဂိုးမရှိသရေကျနေခဲ့သဖြင့် အချိန်ပိုကစားခဲ့ရာတွင်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိ၍ ပင်နယ်တီအဆုံးအဖြတ်ရယူရာတွင် အိုင်ဗရီကို့စ်က ၉း၈ ဖြင့် အနိုင်ရသွားကာ ဂိုးသမား ဘာရီမှာ ကိုယ်တိုင်ဂိုးသွင်း နိုင်ခဲ့သည့်အပြင် တစ်ဂိုး ကာကွယ်နိုင်ခဲ့၍ ပရိသတ်များ၏ ချီးကျူးမှုကို ခံခဲ့ရသည်။

အိုင်ဗရီကို့စ်အတွက် ယခုဆုဖလားမှာ ဒုတိယအကြိမ် ရရှိခြင်းဖြစ်ပြီး ပထမဆုံး ရရှိခဲ့သည်မှာ ၁၉၉၂ တွင် ဖြစ်သည်။

ထို ၁၉၉၂ ဗိုလ်လုပွဲတွင်လည်း ဂိုးမရှိသရေကျနေသဖြင့် ပင်နယ်တီ အဆုံးအဖြတ်ကန်ရာတွင် ၁၁း၁၀ ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

အိုင်ဗရီကို့စ်မှာ ၂၀၀၆ နှင့် ၂၀၁၂ တို့တွင် ဗိုလ်လုပွဲ တက်ခဲ့သေးသော်လည်း ဇမ်ဘီယာကို ၂ ကြိမ်လုံး ရှုံးခဲ့ကာ ထိုစဉ်က ဇမ်ဘီယာနည်းပြမှာ ယခု အိုင်ဗရီကို့စ်နည်းပြ ရီနာ့ဒ်ပင်ဖြစ်၍ ရီနာ့ဒ်မှာ ၂ နိုင်ငံကို ဗိုလ်စွဲအောင် စွမ်းဆောင်နိုင်ခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here