Serie-A News

တောင်းပန်ရတဲ့ အီတူး

Feb 09 , 2015

ဆမ်ဒိုးရီးယား တိုက်စစ်မှူး အီတူးမှာ လေ့ကျင့်ရေးတွင် နည်းပြ မီဟာလိုဗစ်နှင့် အချင်းများခဲ့ပြီးနောက် ပြန်လည် တောင်းပန်ခဲ့ရကြောင်း သိရသည်။

ဆမ်ဒိုးရီးယား အသင်းမှာ ဇန်န၀ါရီ ၁ ရက်နေ့က တိုရီနီနှင့် အဝေးကွင်းပွဲတွင် ၅း၁ ဖြင့် ဂိုးပြတ် ရှုံးခဲ့ရသည့်အတွက် နောက်နေ့မှစ၍ လေ့ကျင့်ရေးကို ၂ ချိန် တိုးမြင့် လေ့ကျင့်စေရာတွင် အီတူးနှင့် မီဟာလိုဗစ်တို့ စကားများခဲ့ကြခြင်း ဖြစ်သည်။

ဇန်န၀ါရီ အပြောင်းအရွေှ့တွင်မှ ဆမ်ဒိုးရီးယားသို့ ရောက်လာသည့် အီတူးမှာ ထိုကိစ္စကြောင့် အသင်းမှထွက်ရန် စဉ်းစားခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ယခုအခါ နှစ်ဦးသား ပြန်လည် အဆင်ပြေသွားကာ ဆက်ဆူအိုလိုနှင့် တစ်ဂိုးစီ သရေကျသော ပွဲစဉ်တွင် ပါဝင်ကစားခွင့် ရခဲ့သည်။

ဆာဘီးယားသား မီဟာလိုဗစ်က အီတူး၏ တောင်းပန်မှုကြောင့် မိမိတို့အဆင်ပြေသွားပြီဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ဆက်ဆူအိုလိုနှင့် ပွဲတွင် ကစားခွင့် ရခဲ့ခြင်းဖြစ်ကြောင်း၊ အီတူးအနေနှင့် အကောင်းဆုံး ခြေစွမ်းများ ပြန်လည်ရလာတော့မည်ဟု ယုံကြည်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here