Bundesliga News

ပြစ်ဒဏ်လျှော့ခံရသော ဘိုတန်း

Feb 10 , 2015

ဘိုင်ယန် နောက်ခံလူ ဘိုတန်းမှာ ရှော့ကေးနှင့်ပွဲတွင် တိုက်ရိုက် အနီကဒ်အပြခံခဲ့ရ၍ ၃ ပွဲ အပယ်ခံရမည်ဖြစ်သော်လည်း ဂျာမနီဘောလုံးအဖွဲ့ချုပ်က တစ်ပွဲလျှော့ပေးခဲ့သဖြင့် ပါဒါဘွန်းနှင့် ကစားရမည့်ပွဲတွင် ပါဝင်ကစားနိုင်မည် ဖြစ်သည်။

ဘိုတန်း၏ အနီကဒ်အတွက် ဘိုင်ယန်အသင်းက အယူခံဝင်ခဲ့ရာတွင် ဂျာမနီဘောလုံးအဖွဲ့ချုပ်က တစ်ပွဲလျှော့ပေးခဲ့သဖြင့် ၂ ပွဲသာ အပယ်ခံရမည် ဖြစ်သည်။

ဘိုတန်းမှာ လွန်ခဲ့သော စနေနေ့က စတုဂတ်ကို ၂းဝ ဖြင့် နိုင်ခဲ့သည့်ပွဲတွင် မပါဝင်ခဲ့သလို ယခုအပတ် ဟမ်းဘတ်နှင့် ပွဲတွင်လည်း ပါဝင်နိုင်ဦးမည် မဟုတ်ပေ။

ဘိုတန်းမှာ ဖရန့်ဖတ်ရှိ ဂျာမနီဘောလုံး အဖွဲ့ချုပ်ရုံးတွင် ဘိုင်ယန်အားကစား ဒါရိုက်တာ ဆမ်းမားနှင့်အတူ သွားရောက်၍ ပြစ်ဒဏ်ကြားနားမှုကို တက်ရောက်ခဲ့ကြောင်း သိရသည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here