FA Cup News

ရွန်းနီကို တိုက်စစ်တွင် ထားမည်

Feb 13 , 2015

အင်္ဂလန်နည်းပြ ဟော့ဆန်က သူ့အနေနှင့် ရွန်းနီကို အင်္ဂလန်အသင်းတွင် တိုက်စစ်မှူးနေရာတွင်သာ ထားရှိမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ရွန်းနီမှာ အင်္ဂလန်အသင်းအတွက် ဂိုးသွင်းအများဆုံး စံချိန်ကို ရောက်ရှိရန် ၄ ဂိုးသာ လိုတော့ပြီး လောလောဆယ် မန်ယူတွင် ကွင်းလယ်ကစားသမားနေရာမျိုးမှ ကစားနေရသည်မှာ ၁၂ ပွဲ ရှိလာသည့်အတွက် ဂိုးသွင်းခွင့် နည်းပါးလာသော အနေအထားတွင် ရှိနေသည်။

ထိုကဲ့သို့ ကွင်းလယ်တွင်သာ ကစားရသည့် ရွန်းနီအတွက် ဗန်ဂေါလ်၏ ကစားကွက်နည်းစနစ်ကို ဝေဖန်သူများ ရှိလာချိန်တွင် ဟော့ဆန်က ယခုကဲ့သို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

အင်္ဂလန်အသင်းမှာ လာမည့် မတ်လ ၂၇ ရက်နေ့တွင် ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် လစ်သူရေးနီးယားနှင့် ကစားရန်ရှိနေပြီး ၃၁ ရက်နေ့တွင် အီတလီနှင့် ခြေစမ်း ဦးမည် ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here