Euro 2016

ဂရိနည်းပြဖြစ်လာသော မာကာရီယန်

Feb 13 , 2015

ဥရုဂွေးနိုင်ငံသား မာကာရီယန်သည် ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ရုန်းကန်နေရသော ဂရိအသင်း၏ နည်းပြသစ်အဖြစ် တာဝန်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၇၀ ရှိပြီဖြစ်သော မာကာရီယန်မှာ ပီရူး၊ ပါရာဂွေး စသော အသင်းများကို တာဝန်ယူခဲ့ဘူးသူဖြစ်ပြီ ယခု ဂရိနှင့် ၁ နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။

ဂရိအသင်းမှာ ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် အုပ်စု F ၌ ပါဝင်ပြီး ၆ သင်းပါသော ယင်းအုပ်စုတွင် ၄ ပွဲကစား ၁ မှတ်ဖြင့် အုပ်စု အောက်ဆုံးသို့ ရောက်ရှိနေပြီး လက်ကျန် ၆ ပွဲတွင် ရလဒ်ကောင်းရန် ရုန်းကန်ရဦးမည် ဖြစ်သည်။

ထိုကဲ့သို့ ရလဒ်များ ဆိုးနေခဲ့ခြင်းကြောင့် ဂရိဘောလုံးအဖွဲ့ချုပ်က နည်းပြဖြစ်သူ ချဲလ်ဆီးနည်းပြဟောင်း ရေနီယာရီကို နိုဝင်ဘာလက ထုတ်ပယ်ခဲ့သည်။

ဂရိအသင်းမှာ လာမည့်မတ်လ ၂၉ ရက်နေ့တွင် ဟန်ဂေရီနှင့် ခြေစစ်ပွဲကစားရမည်ဖြစ်ပြီး နောက်ထပ်ခြေစစ်ပွဲမှာ ဇွန်လ ဖာရိုးကျွန်းစုနှင့်ပွဲ ဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here