Europe News

အဆင့်တက်လာသော အိုင်ဗရီကို့စ်

Feb 13 , 2015

၂၀၁၅ အာဖရိကနိုင်ငံများ ဖလားကို ရရှိခဲ့သော အိုင်ဗရီကို့စ်အသင်းမှာ ၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖီဖာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ထိပ်ဆုံးအသင်း ၂၀ ထဲတွင် ပါဝင်ခဲ့ပြီ ဖြစ်သည်။

ဂါနာကို ပင်နယ်တီ အဆုံးအဖြတ် ၉း၈ ဖြင့် အနိုင်ရကာ အာဖရိက ဖလားရခဲ့သော အိုင်ဗရီကို့စ်မှာ ဖီဖာအဆင့် သတ်မှတ်ချက်တွင် အဆင့် ၈ ဆင့် တိုးလာကာ အဆင့် ၂၀ သို့ ရောက်ရှိလာခဲ့သည်။

လက်ရှိ ဖီဖာ ကမ္ဘာ့အဆင့်တွင် အိုင်ဗရီကို့စ်မှာ ဒုတိယမြောက် အဆင့်အမြင့်ဆုံး အာဖရိကအသင်းဖြစ်လာပြီး ပထမ အဆင့်အမြင့်ဆုံး အာဖရိကအသင်းမှာ အဆင့် ၁၈ မှ အယ်လ်ဂျီးရီးယား ဖြစ်သည်။

၂၀၁၅ အာဖရိက ဖလားပွဲတွင် ဗိုလ်လုပွဲရောက်ခဲ့သော ဂါနာမှာ ၁၂ ဆင့် ခုန်တက်လာခဲ့ပြီး အဆင့် ၂၅ သို့ ရောက်လာကာ ဆီမီးတက်ခဲ့သော အိမ်ရှင်အီကွေတိုရီယယ် ဂီနီမှာ အဆင့် ၄၉ သို့ ရောက်လာခဲ့သည်။

အာရှဖလားရခဲ့သော သြစတြေးလျမှာ ၃၇ ဆင့်တက်လာကာ အဆင့် ၆၃၊ ဒုတိယရခဲ့သော တောင်ကိုးရီးယားက ၁၅ ဆင့် တက်လာကာ ၅၄၊ ယူအေအီးက ၁၄ ဆင့် တက်ကာ အဆင့် ၆၆၊ အီရတ်က အဆင့် ၉၄ တို့သို့ ရောက်လာခဲ့ကြပြီ ဖြစ်သည်။

ကမ္ဘာ့ထိပ်ဆုံး ၃ သင်းမှာ ဂျာမနီ၊ အာဂျင်တီးနားနှင့် ကိုလံဘီယာတို့ ဖြစ်ကြသည်။

U Myo Thant




<< Back Europe News


Advertisement
Here