Serie-A News

ပြစ်ဒဏ်ရင်ဆိုင်ရဦးမည့် ပါးမား

Feb 14 , 2015

ကစားသမားလစာငွေများပေးချေရန် ပျက်ကွက်ခဲ့မှုကြောင့် ရာသီအစတွင် အမှတ်လျှော့ခံခဲ့ရသော ပါးမားအသင်းမှာ ယခု နောက်ထပ်ပြစ်ဒဏ်များနှင့် ရင်ဆိုင် ရဦးမည်ဟု သိရသည်။

စီးရီးအေ အမှတ်ပေးဇယားအောက်ဆုံးတွင် ရှိနေသော ပါးမားမှာ လွန်ခဲ့သော ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလများအတွက် ၀န်ထမ်းနှင့် ကစားသမား လစာများ ပေးချေရန် ပျက်ကွက်ခဲ့ပြန်သောကြောင့် နောက်ထပ် အမှတ်လျှော့ခံရမည်ဖြစ်ပြီး အသင်း ဥက္ကဌဟောင်း ဂီရာဒီနှင့် ဒါရိုက်တာ လီယိုနာဒို တို့မှာလည်း အီတလီ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အပြစ်ပေးခြင်းကို ခံရဦးမည် ဖြစ်သည်။

ပါးမားအသင်းကို လွန်ခဲ့သော ဒီဇင်ဘာတွင် ရုရှားဖက်စပ်ကုမ္ပဏီတစ်ခုက ဂီရာဒီထံမှာ ၀ယ်ယူခဲ့သော်လည်း ယခုလအစောပိုင်းတွင် ၎င်းတို့၏ ရှယ်ယာများကို ပြန်လည် ထုတ်ရောင်းနေခဲ့သည် ဟု ဥက္ကဌသစ် မာနန်တီက အတည်ပြု ပြောဆိုခဲ့သည်။

ပါးမားအသင်းမှာ ၂၂ ပွဲ ကစား ၉ မှတ်ဖြင့် တန်းဆင်းဇုန်မှလွတ်ရန် ၁၂ မှတ်အကွာတွင် ရပ်တည်နေရပြီး တန်းဆင်းဇုန် သေချာသဘောပင် ရှိနေပြီး ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here