FA Cup News

မန်ယူနဲ့တွေ့ချင်တဲ့ ပါကင်ဆန်

Feb 16 , 2015

ဆန်းဒါးလန်း အသင်းအား အနိုင်ရရှိခဲ့ပြီးနောက် ဘရက်ဖို့ဒ် အသင်းနည်းပြ ပါကင်ဆန်က FA ကွာတားဖိုင်နယ်တွင် မန်ယူနှင့် ဆုံလိုကြောင်း ပြောဆိုလိုက်သည်။

ပါကင်ဆန်က မိမိတို့ ဘရက်ဖို့ဒ် အသင်းသည် အိမ်ကွင်းတွင်မည်သူ့ကိုမဆို အနိုင်ကစားနိုင်ကြောင်း၊ ယခု ကွာတားဖိုင်နယ်သို့ ရောက်လာသော မိမိတို့အတွက် အတွေ့ချင်ဆုံးမှာ မန်ယူဖြစ်ကြောင်း၊ မိမိတို့အနေနှင့် အိမ်ကွင်းတွင်သာ မန်ယူနှင့် ကစားခွင့်ရခဲ့ပါက အမှန်တကယ် ပွဲကြီးပွဲကောင်း ဖြစ်လာမည်ဖြစ်ကြောင်း ပြောဆို သွားခဲ့သည်။

ဘရက်ဖို့ဒ်မှ ဆန်းဒါးလန်း တိုက်စစ်မှူးဟောင်း ဂျွန်စတိဒ်က ဆန်းဒါးလန်းဘက်သို့ ၂ ဂိုးသွင်းကာ ဘရက်ဖို့ဒ်ကို ကွာတားဖိုင်နယ်သို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး မန်ယူမှာ ယနေ့ညတွင်မှ ပရက်စတန်နှင့် ပဉ္စမဆင့် အဝေးကွင်းပွဲ ကစားရမည် ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here