Serie-A News

အသင်းကိုဝေဖန်တဲ့ ဘူဖွန်

Feb 16 , 2015

ဂျူဗင်တပ်အသင်းကပ္ပတိန် ဂိုးသမား ဘူဖွန်က ဆီစီနာနှင့် ၂ ဂိုးစီ သရေကျခဲ့သော ပွဲစဉ်တွင် အသင်းကစားပုံကို ဝေဖန်ခဲ့သည်။

အမှတ်ပေးဇယားကို ဦးဆောင်နေသော ဂျူဗင်တပ်အသင်းမှာ အဆင့် ၁၉ မှ ဆီစီနာနှင့် အဝေးကွင်းပွဲစဉ်တွင် ဦးဆောင်ဂိုးနှင့် ချေပဂိုးများ ပြန်ပေးရကာ သရေကျခဲ့ခြင်း ဖြစ်သည်။

၁၇ မိနစ်တွင် ဆီစီနာမှ ဒူရစ်က ဦးဆောင်ဂိုးသွင်းသွားခဲ့ပြီး ၂၇ မိနစ်နှင့် ၃၃ မိနစ်တို့တွင် ဂျူဗင်တပ်က ချေပဂိုးနှင့် ဦးဆောင်ဂိုးပြန်သွင်းနိုင်ခဲ့သော်လည်း မိနစ် ၇၀ တွင် ဆီစီနာမှ ဘရိုင်ယန်ဇက ချေပဂိုး ပြန်သွင်းခဲ့ခြင်း ဖြစ်သည်။

ဒုတိယနေရာမှ ရိုးမားမှာလည်း အိမ်ကွင်းတွင် ဇယားအောက်ဆုံးမှ ပါးမားနှင့် သရေကျသွားခဲ့သဖြင့် ဂျူဗင်တပ်မှာ စီးရီးအေ အမှတ်ပေးဇယားကို ၇ မှတ် ဖြတ်၍ ဦးဆောင်နေဆဲ ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here