FA Cup News

FA တွင် မန်ယူနှင့် အာဆင်နယ်တွေ့

Feb 17 , 2015

FA ဖလား ကွာတားဖိုင်နယ်တွင် လက်ရှိ ချန်ပီယံ အာဆင်နယ်အသင်းမှာ မန်ယူနှင့် အိုးလ်ထရက်ဖို့ဒ်တွင် ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။

FA ဖလား ပဉ္စမဆင့်ပွဲစဉ်များ အပြီးတွင် ကွာတားဖိုင်နယ်အတွက် မဲနှိုက်နေရာချထားခဲ့ရာ မန်ယူ - အာဆင်နယ်၊ လီဗာပူး - ဘလက်ဘန်း၊ ဘရက်ဖို့ဒ် - ရီးဒင်း၊ ဗီလာ - ၀က်စ်ဘရွန်း တို့ အသီးသီး တွေ့ဆုံခဲ့ကြသည်။

၁၉၁၁ တွင် FA ဖလားရခဲ့ဘူးသာ ဘရက်ဖို့ဒ် အသင်းမှာ ပဉ္စမဆင့်တွင် ဆန်းဒါးလန်းကို နိုင်ခဲ့ကာ ယခု ကွာတားတွင်လည်း အိမ်ကွင်းတွင် ရီးဒင်းနှင့် တွေ့ရ၍ ဆီမီးတက်နိုင်ရန် မျှော်လင့်နေလိမ့်မည် ဖြစ်သည်။

ယခု ကွာတားဖိုင်နယ်ပွဲစဉ်များကို လာမည့် မတ်လ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ကစားကြရမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များကို ၀င်ဘလေကွင်းကြီး၌ ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here