FA Cup News

ရွန်းနီကိုကာကွယ်တဲ့ ဂရေဆန်

Feb 17 , 2015

မန်ယူအသင်းခေါင်းဆောင် ရွန်းနီမှာ မိမိတို့နှင့် ကစားခဲ့သောပွဲစဉ်တွင် ဟန်ဆောင်ဒိုက်ထိုး၍ ပင်နယ်တီ ရယူသွားခြင်းမဟုတ်ကြောင်း ပရက်စတန်အသင်းနည်းပြ ဂရေဆန်က ပြောဆိုလိုက်သည်။

မန်ယူအသင်းမှာ အဝေးကွင်းပွဲစဉ်အဖြစ် ပရက်စတန်နှင့် ကစားခဲ့ရသည့် FA ဖလား ပဉ္စမဆင့်ပွဲစဉ်တွင် ဦးဆောင်ဂိုးစတင်ပေးခဲ့ရသော်လည်း ၁း၃ ဖြင့် အနိုင်ရခဲ့ပြီး ၈၈ မိနစ်တွင် ပင်နယ်တီရခဲ့သည်။

ယင်း ပင်နယ်တီကို ရွန်းနီက သွင်းယူခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့သည်မှာ ၉၅၂ မိနစ် ကြာခဲ့ပြီဖြစ်သည့် စံချိန်ဆိုးကို ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်သည်။

BBC ဘောလုံးဝေဖန်သူ ကီလ်ဘိန်းက "ရွန်းနီမှာ ပင်နယ်တီရရေးအတွက် ဟန်ဆောင်လှဲချခဲ့သည်ဟု ဆိုခဲ့သော်လည်း ဂရေဆန်က ဟန်ဆောင်ဒိုက်ထိုးခြင်း မဟုတ်" ဟု မိမိပြောလိုကြောင်း ပြောခဲ့ပြီး အင်္ဂလန်အသင်းနည်းပြ ဟော့ဆန်ကလည်း ဂရေဆန်၏ အပြောကို ထောက်ခံခဲ့သည်။

အင်္ဂလန်အတွက် နောက်ဆုံး ၆ ပွဲတွင် ၆ ဂိုး သွင်းနိုင်ခဲ့သည့် ရွန်းနီမှာ မန်ယူ၏ နောက်ဆုံး ၉ ပွဲတွင် ယခု ပထမဆုံး ဂိုးပြန်သွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here