Serie-A News

အီတလီအကြောင်းပြောတဲ့ နည်းပြဟောင်း

Feb 17 , 2015

အီတလီ လက်ရွေးစင်အသင်းနှင့် မီလန်အသင်းနည်းပြဟောင်း တစ်ဦးဖြစ်သူ အာရီဂို ဆက်ချီက အီတလီလူငယ်အသင်းများတွင် လူမည်းကစားသမား များလွန်းလှကြောင်း ပြောဆိုလိုက်သည်။

ပစ်စတိုးရီးယားတွင် ကျင်းပခဲ့သော အီတလီလူငယ်ဘောလုံးပွဲတော်ပြိုင်ပွဲတွင် ဆက်ချီက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဆက်ချီက "အီတလီမှာ အီတလီသားတွေထက် လူမည်းကစားသမားတွေ ပိုများနေပါတယ်။ လူမျိုးရေး ခွဲခြားပြီးပြောတဲ့ စကားမဟုတ်ပါဘူး။ အီတလီသားလေးတွေ ကြီးစိုးရမယ့် ပါဝင်နေရမယ့် အသင်းတွေမှာ နိုင်ငံခြား ကစားသမားတွေ အများကြီး ပါနေတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး" ဟု ပြောဆိုခဲ့သည်။

လွန်ခဲ့သော ၁၀ နှစ်က ရီးရဲလ်တွင် အားကစား ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ဘူးသူ ဆက်ချီမှာ မီလန်တွင် နှစ်ကျော့ပြန် နည်းပြအဖြစ် တာဝန်ယူခဲ့ကာ ဥရောပဖလား ၂ ကြိမ်နှင့် စီးရီးအေချန်ပီယံ ၁ ကြိမ် ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here