Bundesliga News

ဂျာမနီပြန်တဲ့ သီယာဂို

Feb 19 , 2015

ဘိုင်ယန်ကွင်းလယ်ကစားသမား သီယာဂိုမှာ စပိန်တွင် ဒူးဒဏ်ရာခွဲစိတ်မှု ခံယူပြီးနောက် ဂျာမနီသို့ ပြန်သွားပြီဖြစ်သည်။

စပိန် လက်ရွေးစင် သီယာဂိုက သူ၏ဒဏ်ရာခွဲစိတ်ရာတွင် ကူညီဝိုင်းဝန်းခဲ့သော ဇာတိမြေမှ မိတ်ဆွေများကို ကျေးဇူးတင်ကြောင်း၊ တွစ်တာ ၀က်ဘ်ဆိုက်တွင် ရေးသား ထားခဲ့ပြီး ဂျာနီသို့ ပြန်ပြီဟု ဆိုခဲ့သည်။

သီယာဂိုမှာ လွန်ခဲ့သော အောက်တိုဘာလက ညာဘက်ဒူးတွင် ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ဘာစီလိုနာမှ ဘိုင်ယန်သို့ရောက်လာပြီး နောက်ပိုင်း ဒူးဒဏ်ရာ ၃ ကြိမ် ရခဲ့ပြီး ဖြစ်သည်။

ဘိုင်ယန်နည်းပြ ဂွာဒီယိုလာက ၂၀၁၄-၁၅ ရာသီမကုန်မီ သီယာဂို ပြန်ကစားနိုင်ရန် မျှော်လင့်လျက် ရှိနေသည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here