Europa League

ဘာလိုတယ်လီကို ဝေဖန်တဲ့ ဂျရတ်

Feb 20 , 2015

ယူရိုပါလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းတွင် ဘီဆစ်တပ်နှင့် ကစားရာတွင် ပင်နယ်တီကန်ခွင့်ရခဲ့ရာ ကပ္ပတိန် (သို့မဟုတ်) ဒုတိယ ကပ္ပတိန်တို့က ကန်ရမည်ဖြစ်သော်လည်း ဘာလိုတယ်လီက အသင်းဖော်များနှင့် အတိုက်အခံပြု၍ ကန်ခဲ့ခြင်းအပေါ် အသင်းခေါင်းဆောင် ဂျရတ်က ဝေဖန်လိုက်သည်။

ဂျရတ်မှာ ပင်နယ်တီ ကန်ခွင့်ရတိုင်း ကန်နေကြဖြစ်သည့်အပြင် အသင်းကပ္ပတိန်ပါဖြစ်သော်လည်း ယခုပွဲတွင် ဒဏ်ရာကြောင့် မပါနိုင်သဖြင့် ဒုတိယကပ္ပတိန် ဟန်ဒါဆင်က ကန်ရမည် ဖြစ်သည်။

သို့သော် ဘာလိုတယ်လီက ဟန်ဒါဆင်၊ စတားရစ်တို့နှင့်ပါ အတိုက်အခံပြု၍ ကန်သွင်းခဲ့သည်။ ထိုဂိုးဝင်ခဲ့ပြီး ထိုဂိုးကြောင့်ပင် အနိုင်ရခဲ့သော်လည်း ယခုကဲ့သို့ လေးစားမှုမဲ့စွာဖြင့် ပြုမူသွားသော ဘာလိုတယ်လီကို ဂျရတ်က ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

ဂျရတ်က "အသင်းစည်းကမ်းအရ ဒါဟာ ဟန်ဒါဆင် ကန်ရမှာပါ။ စည်းကမ်းဟာ စည်းကမ်းပါပဲ။ ဂိုးဝင်တာပဲလို့ မပြောပါနဲ့။ စည်းကမ်းကို မလိုက်နာတာ မလေးစားတာဟာ ကိုယ်ရဲ့ အမူအကျင့်ကို တန်ဘိုးဖြတ်လိုက်တာပါပဲ" ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Europa League


Advertisement
Here