Europa League

ဖြေရှင်းချက်ပေးတဲ့ ပိုချက်တီနို

Feb 20 , 2015

ဖီအိုရင်တီးနားနှင့် ကစားခဲ့သည့် ယူရိုပါလိဂ်ပွဲစဉ်တွင် ပုံမှန်ခြေစွမ်းရနေသော တိုက်စစ်မှူး ဟယ်ရီကိန်းကို အရန်ခုံပေါ်ထားခဲ့ခြင်းအတွက် စပါးနည်းပြ ပိုချက်တီနိုက ဖြေရှင်းချက်ပေးခဲ့သည်။

ထိုပွဲစဉ်တွင် စပါးမှ ဆိုလ်ဒါဒိုက ၆ မိနစ်တွင် ဦးဆောင်ဂိုးသွင်းခဲ့သော်လည်း ၃၆ မိနစ်တွင် ဘာဆန်တာက ဧည့်သည်အသင်းအတွက် ချေပဂိုးသွင်းသွားခဲ့သည်။

စပါးအတွက် ပုံမှန်ခြေစွမ်းရနေသော ဟယ်ရီကိန်းမှာ ၆၆ မိနစ်တွင်မှ လူစားဝင်ကစားခဲ့ရပြီး အနိုင်ရရန် မစွမ်းသာခဲ့ရ၍ အိမ်ကွင်းအခွင့်အရေး လက်လွှတ် ဆုံးရှုံးသွားခဲ့ရသည်။

သို့သော် ပိုချက်တီကိုက စပါးအနေနှင့် ၁၇ ရက်အတွင်း ၆ ပွဲ ကစားရသည့် လက်ရှိ ပွဲစဉ်အချိန်များကြောင့် ကစားသမားအချို့ကို အနားပေးရခြင်းဖြစ်ကြောင်း၊ ၃ ရက် ၁ ပွဲနှုန်း ကစားရမည်ဆိုလျှင် လူစာရင်းပါ ကစားသမားအားလုံးကို ကစားခွင့် ပေးသင့်ကြောင်း၊ သို့မှသာ အချို့ကစားသမားများ အနားရမည်ဖြစ်ကြောင်း၊ မိမိတို့၏ လာမည့် ၃ ပွဲတွင် ၀က်စ်ဟမ်းနှင့် အိမ်ကွင်းပွဲ၊ ဖီအိုရင်တီးနား၊ ချဲလ်ဆီးတို့နှင့် အဝေးကွင်းပွဲများ ရှိနေကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ မိမိဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ပြောဆို သွားခဲ့သည်။

U Myo Thant




<< Back Europa League


Advertisement
Here