Bundesliga News

နိုင်ပွဲဆက်ခဲ့သော ဒေါ့မွန်

Feb 21 , 2015

ရလဒ်ဆိုးများကြုံခဲ့ရ၍ တန်းဆင်းဇုန်အထိ ရောက်ခဲ့ရသော ဒေါ့မွန်မှာ ယမန်နေ့က စတုဂတ်နှင့်ပွဲတွင် ၂း၃ ဖြင့် အနိုင်ရကာ ၃ ပွဲဆက် အနိုင်ရလဒ်ဖြင့် အဆင့် ၁၀ သို့ တက်လာနိုင်ခဲ့ပြီ ဖြစ်သည်။

ထိုပွဲစဉ်တွင် အဝေးကွင်းဖြစ်လင့်ကစား ဒေါ့မွန်က ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းတွင် ၁း၂ ဖြင့် လည်းကောင်း၊ ပွဲအပြီးတွင် ၂း၃ ဖြင့် လည်းကောင်း အနိုင်ရခဲ့သည်။

အမှတ်ပေးဇယား အောက်ဆုံးတွင်ရှိနေသော စတုဂတ်မှာ လူငယ်နောက်ခံကစားသမား တီမို ဘမ်ဂတ်၏ အမှားမှတစ်ဆင့် အနိုင်ဂိုးပေးလိုက်ရခြင်းဖြစ်ပြီး ယင်းလူငယ်နောက်ခံ ကစားသမားကို ပွဲအပြီးတွင် ပရိသတ်များက နှစ်သိမ့်ပေးခဲ့ကြသည်။

ဂျာမနီလက်ရွေးစင် ရူးစ်မှာ ရာသီပထမပိုင်းတွင် ဒဏ်ရာကြောင့် ဒေါ့မွန်အတွက် ပွဲများစွာပါဝင်ခွင့် မရခဲ့သော်လည်း ယနေ့ပွဲတွင် နောက်ဆုံးအနိုင်ဂိုးကို သွင်းယူပေးနိုင် ခဲ့သည်။

သူသည် ယခုရာသီတွင် ဒေါ့မွန်အတွက် ၁၄ ပွဲကစား ၇ ဂိုး သွင်းယူပေးခဲ့ပြီး ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here