Serie-A News

ပါးမား-အူဒီးနီးစ် ပွဲစဉ် ဖျက်သိမ်း

Feb 21 , 2015

ကစားသမားလစာများ မပေးချေနိုင်သည့် ကိစ္စများဖြစ်ပွားနေသည့် ပါးမားအသင်း၏ တနင်္ဂနွေနေ့ အူဒီနီးစ်နှင့် ကစားရမည့်ပွဲကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

နည်းပြ ဒိုနာဒိုနီ၏ ပါးမားအသင်းမှာ ကစားသမားနှင့် ၀န်ထမ်းများကို လစာမပေးချေနိုင်ခဲ့သဖြင့် တစ်မှတ်လျှော့ခံခဲ့ရပြီး ယခုနောက်ထပ် လစာမပေးချေနိုင်သည့် ကိစ္စသစ် ဖြစ်လာပြန်သဖြင့် ကစားသမားများနှင့် အသင်းဥက္ကဌကြားတွင် တင်းမာမှုများ ရှိနေသည်။

၂၃ ပွဲ ကစားပြီးရာတွင် ၁၀ မှတ်သာရထားသေးသော ပါးမားမှာ ဇန်န၀ါရီ ၆ ရက်နေ့ အိမ်ကွင်းတွင် ဖီအိုရင်တီးနားကို နိုင်ခဲ့ပြီးနောက် စီးရီးအေတွင် နိုင်ပွဲမရှိတော့ပဲ ၅ ပွဲ ရှုံး ၁ ပွဲ သရေသာရထားသော တန်းဆင်းဇုန်လွတ်သည့် အသင်းနှင့် ၁၃ မှတ် ကွာဟလျက် ရှိသည်။

ပါးမားအသင်းက အူဒီးနီးစ်နှင့်ပွဲစဉ်ကို ကွင်းပိတ်ကစားခွင့်ပေးရန် အဖွဲ့ချုပ်ထံ တောင်းဆိုခဲ့ရာတွင် အဖွဲ့ချုပ်က ပွဲကို ဖျက်သိမ်းခဲ့ပြီး ပြန်ကစားရမည့်ရက်ကို ထပ်မံကြေညာသွားမည် ဖြစ်သည်။

ပါးမား အသင်းခေါင်းဆောင် လူကာရယ်လီက မိမိတို့အနေနှင့် ဥက္ကဌ မာနန်တီနှင့် ဆွေးနွေးခဲ့ရာတွင် အဆင်မပြေသေးကြောင်း ပြောဆိုခဲ့ပြီး နည်းပြ ဒိုနာဒိုနီကလည်း သောကြာနေ့ လေကျင့်ရေးကို ဖျက်သိမ်းခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here