Europa League

လူမစုံသော လီဗာပူး

Feb 26 , 2015

ယနေ့ည ဘီဆစ်တပ်နှင့် ကစားရမည့် ယူရိုပါလိဂ် အဝေးကွင်းပွဲစဉ်တွင် လီဗာပူးဘက်၌ ဂျရတ် အပါအ၀င်ကစားသမားအချို့ လိုက်ပါမသွားကြောင်း သိရသည်။

ဒုတိယအကျော့ အဆုံးအဖြတ်ပွဲအဖြစ် ကစားရမည့် ယင်းပွဲစဉ်ကို ဂျရတ်၊ ကော်တင်ဟို၊ ဟန်ဒါဆင်၊ ဆာခိုနှင့် ဂျွန်ဆင်တို့ အပါအ၀င် ကစားသမား ၈ ဦး လွဲချော်မည် ဖြစ်သည်။

ပထမအကျော့တွင် ၁းဝ ဖြင့် နိုင်ထားခဲ့သော လီဗာပူးမှာ ယခုပွဲတွင် သရေကျလျှင်ပင် နောက်တစ်ဆင့်တက်မည်ဖြစ်ပြီး ဂျရတ်အနေနှင့် လာမည့် တနင်္ဂနွေ မန်စီးတီးနှင့်ပွဲအတွက် ကြံ့ခိုင်မှုအပြည့်ရှိစေရန် ယခုပွဲကို လိုက်ပါမသွားခြင်း ဖြစ်သည်။

နည်းပြ ရော်ဂျာစ်က မိမိတို့အသင်းတွင် ဒဏ်ရာရကစားသမား အချို့ရှိနေကြောင်း၊ သို့သော်လည်း ယုံကြည်မှုအပြည့်ဖြင့် ယခုပွဲကို ကစားသွားမည်ဖြစ်ပြီး အကောင်းဆုံးရလဒ်ဖြင့် ပြန်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Europa League


Advertisement
Here