Europe News

ပွဲစဉ်များ ဖျက်သိမ်းသော ဂရိလိဂ်

Feb 26 , 2015

ဂရိစူပါလိဂ်ပွဲစဉ်များတွင် ဆူပူသောင်းကျန်းမှုများရှိနေသဖြင့် ယမန်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ဖျက်သိမ်းထားကြောင်း သိရသည်။

အစိုးရတာဝန်ရှိသူများက ယင်းသတင်းကို အတည်ပြုပေးခဲ့ပြီး လွန်ခဲ့သည့်အပတ်မှစ၍ စူပါလိဂ်ပွဲစဉ်များတွင် ပရိသတ်သောင်းကျန်းမှုများကို ပိုမိုတိုးလာခဲ့သည်။

လက်ဝဲယိမ်းပါတီက နိုင်ငံတကာကို ရလာပြီးသည့်နောက်ပိုင်းတွင် ဆူပူမှုများ ပိုမိုများပြားလာခဲ့ပြီး အားကစားဝန်ကြီးဌာနက တာဝန်ရှိသူများနှင့် အစိုးရကြား ဆွေးနွေး ခဲ့ကြပြီးနောက် ပွဲစဉ်များကို ရပ်ဆိုင်းထားရန် သဘောတူဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

လွန်ခဲ့သော အပတ်က အဓိကပြိုင်ဘက် ၂ သင်း ဖြစ်သည့် အိုလံပီယာကော့စ်နှင့် ပါနာသီနာကော့စ် တို့ပွဲစဉ်တွင် ပရိသတ်များ အသောင်းကျန်းဆုံးပွဲဖြစ်ခဲ့ပြီး ယခုကဲ့သို့ ပွဲစဉ် ဖျက်သိမ်းရပ်ဆိုင်ရသည်မှာ ယခုရာသီတွင် ၂ ကြိမ်ရှိခဲ့ပြီး ဖြစ်သည်။

အားကစား ဒုဝန်ကြီး ကွန်တိုနစ်က စူပါလိဂ် ၁၈ သင်းအနေနှင့် စပတ်ကတ်သုံး လက်မှတ်ဝယ်စနစ်နှင့် စီစီတီဗီးစနစ်တို့ တပ်ဆင်ပြီးမှသာ လာမည့်ရာသီကို ဖွင့်မည်ဟု ယခင်က ပြောဆိုခဲ့ဘူးသည်။

U Myo Thant




<< Back Europe News


Advertisement
Here