Europa League

နှုတ်ဆက်ခဲ့ရသော စပါးနှင့်လီဗာပူး

Feb 27 , 2015

ယူရိုပါလိဂ် ၃၂ အသင်းဆင့် ဒုတိယအကျော့ပွဲစဉ်များကို ယမန်နေ့ညက ကျင်းပခဲ့ရာ ပရီးမီးယားလိဂ်မှ အဲဗာတန်တစ်သင်းသာ နောက်တစ်ဆင့်တက်နိုင်ခဲ့ပြီး စပါးနှင့်လီဗာပူးတို့မှာ ပြိုင်ပွဲကို နှုတ်ဆက်လိုက်ရပြီ ဖြစ်သည်။

အိမ်ကွင်းတွင် ကစားခဲ့ရသော အဲဗာတန်အသင်းမှာ ယန်းဘွိုင်းစ်ကို ၃း၁ ဖြင့် နိုင်ခဲ့၍ နှစ်ကျော့ပေါင်း ၇း၂ ရလဒ်ဖြင့် နောက်တစ်ဆင့်တက်ခဲ့သည်။

ဂျရတ် အပါအ၀င် ကစားသမားအချို့မပါဝင်ခဲ့သော လီဗာပူးမှာ အဝေးကွင်းတွင် ဘီဆစ်တပ်ကို ၁းဝ ဖြင့် ရှုံးခဲ့သဖြင့် နှစ်ကျော့ပေါင်း ၁း၁ ဖြစ်နေ၍ အချိန်ပို ဆက်ကစားခဲ့ရသော်လည်း ရလဒ်မပြောင်းခဲ့သောကြောင့် ပင်နယ်တီအဆုံးအဖြတ်ရယူရာတွင် နောက်ဆုံးကန်ခွင့်ရသူ လိုဗရန် လွဲချော်သွားခဲ့၍ ၅း၎ ဖြင့် ရှုံးနိမ့်ခဲ့သည်။

လီဗာပူးကဲ့သို့ပင် အဝေးကွင်းတွင် ကစားရသောစပါးမှာ ဖီအိုရင်တီးနားကို ၂းဝ ဖြင့် ရှုံးခဲ့သဖြင့် နှစ်ကျော့ပေါင်း ၃း၁ ဖြင့် ရှုံးနိမ့်ခဲ့ရသည်။

၁၆ သင်းအဆင့် ပြိုင်ပွဲသို့ တက်ရောက်သွားသော အသင်းများမှာ ဇင်းနစ်၊ အဲဗာတန်၊ ကလပ်ဘရုဂ်၊ တိုရီနို၊ ၀ုလ်စ်ဘတ်၊ ဒီနီပရို၊ နာပိုလီ၊ ရိုးမား၊ ဒိုင်နမို မော်စကို၊ ဆီဗီးလား၊ အေဂျက်၊ ဒိုင်နမို ကိယက်၊ ဗီလာရီးရဲလ်၊ ဘီဆစ်တပ်၊ ဖီအိုရင်တီးနားနှင့် အင်တာတို့ ဖြစ်ကြသည်။

U Myo Thant




<< Back Europa League


Advertisement
Here