Capital One Cup News

အရှုံးကို မေ့စေလိုတဲ့ ပိုချက်တီနို

Feb 27 , 2015

ကက်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲ ကစားရန်ရှိနေသေးသောကြောင့် ယူရိုပါလိဂ်မှ ထွက်ခဲ့ရသော အရှုံးကို တာရှည်ခံစားမနေရန် အသင်းသားများကို စပါးနည်းပြ ပိုချက်စတီနိုက တိုက်တွန်းလိုက်သည်။

စပါးအသင်းမှာ ယူရိုပါလိဂ်တွင် ဖီအိုရင်တီးနားကို နှစ်ကျော့ပေါင်း ၃း၁ ဖြင့် ရှုံးခဲ့သဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်သည်။

ပိုချက်တီနိုက "ကျနော်တို့ဟာ မြန်မြန် ပုံမှန်ပြန်ဖြစ်ဖို့ လိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီတနင်္ဂနွေမှာ နောက်တစ်ပွဲ(ဖိုင်နယ်) ကစားရဦးမှာမို့ပါ။ ဒီပွဲဟာ ကျနော်တို့အတွက် ပထမဆုံး ဖိုင်နယ်ပါ။ ဖီအိုရင်တီးနားနဲ့ပွဲ ပထမပိုင်းမှာ ဆော်လ်ဒါဒို ဂိုးရခွင့်လွတ်ခဲ့ရတာဟာ အဓိက အကြောင်းတွေထဲမှာ ပါပါတယ်။ ဒီဂိုးရခဲ့ရင် တစ်မျိုးဖြစ်သွားနိုင်မှာပါ။ ဒါပေမယ့် အခုချိန်မှာ ဒါတွေကို သိပ်ပြန်ပြောနေဖို့ မလိုတော့ပါဘူး။ လာမယ့် အရှေ့အတွက် စဉ်းစားပြင်ဆင်ရဦးမှာမို့ပါ" ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant

<< Back Capital One Cup News


Advertisement
Here