Coppa Italia Cup News

ဗိုလ်စွဲချင်တဲ့ မော်ရင်ဟို

Feb 28 , 2015

တနင်္ဂနွေညတွင် ကစားရမည့် ကက်ပီတယ်ဝမ်းဖလားဖိုင်နယ်တွင် မိမိတို့ ဗိုလ်စွဲလိုကြောင်း၊ အကြောင်းမှာ ယင်းဖလားသည် မိမိလုပ်သက်အတွက် အရေးပါဆုံး ဖလားတစ်လုံးဟု သတ်မှတ်ထား၍ဖြစ်ကြောင်း၊ ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။

မော်ရင်ဟိုမှာ သူ့နည်းပြသက်တမ်းတွင် ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားနှင့် စီးရီးအေ ချန်ပီယံဖလား၊ လာလီဂါ ဖလားများရခဲ့ဘူးသော်လည်း ယခု ကက်ပီတယ်ဝမ်း ဖလားကို ရယူနိုင်ခဲ့ခြင်း မရှိသေးပေ။

ချဲလ်ဆီးအသင်းမှာ ယခုရာသီတွင် ဖလားရနိုင်စရာအဖြစ် ကက်ပီတယ်ဝမ်း၊ ပရီးမီးယားနှင့် ချန်ပီယံလိဂ်လမ်းကြောင်း ၃ ခုပေါ်တွင် ရှိနေပြီး ကက်ပီတယ်ဝမ်းဖလားမှာ ရက်ပိုင်းအတွင်း ရမရ အဖြေပေါ်တော့မည် ဖြစ်သည်။

မော်ရင်ဟိုက ယခုဖလားမှာ ချန်ပီယံလိဂ်ဖိုင်နယ်ထက်ပင် အရေးပါကြောင်း၊ မိမိကိုအရူးဟု ပြောလျင်ပြောနိုင်ကြောင်း၊ သို့သော် မရဘူးသေးသော ဖလားကို ရချင်သည်မှာ ထုံးစံဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here