Europa League

စိတ်လှုပ်ရှားနေတဲ့ မာတီနက်ဇ်

Feb 28 , 2015

ယန်းဘွိုင်းစ်အသင်းကို အနိုင်ရခဲ့ပြီးနောက် ယူရိုပါလိဂ် ၁၆ သင်းအဆင့်တွင် ဒိုင်နမို ကိယက်နှင့် ဆုံရမည်ဖြစ်၍ စိတ်လှုပ်ရှားမိကြောင်း၊ အဲဗာတန်နည်းပြ မာတီနက်ဇ်က ပြောဆိုလိုက်သည်။

အဲဗာတန်မှာ ယန်းဘွိုင်းစ်ကို နှစ်ကျော့ပေါင်း ၇း၂ ဖြင့် ပြတ်သားစွာ အနိုင်ရခဲ့သော်လည်း ဒိုင်နမို ကိယက်မှာ လွယ်ကူသောပြိုင်ဘက် မဖြစ်နိုင်ကြောင်း မာတီနက်ဇ်က ပြောဆိုခဲ့သည်။

ဆက်လက်၍ သူက "မဲခွဲမှုဟာ စိတ်လှုပ်ရှားစရာပါပဲ။ ဒိုင်နမိုဟာ အသင်းကောင်းတစ်သင်းဖြစ်သလို ယူကရိန်းလိဂ် ထိပ်သီး အသင်းပါ။ သူတို့ဟာ သူတို့လိဂ်မှာ ရှုံးပွဲမရှိ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းပါ။ ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်လာမှာ သေချာပါတယ်" ဟု ပြောဆိုသွားခဲ့သည်။

ယူရိုပါလိဂ် ၁၆ သင်းဆင့်တွင် ဆုံကြသည့် အခြားအသင်းများမှာ ဇင်းနစ် - တိုရီနို၊ ဒီနီပရို - အေဂျက်၊ ၀ုလ်စ်ဘတ် - အင်တာ၊ ကလပ်ဘရုဂ် - ဘီဆစ်တပ်၊ နာပိုလီ - ဒိုင်နမိုမော်စကို၊ ဗီလာရီးရဲလ် - ဆီဗီးလား၊ ဖီအိုရင်တီးနား - ရိုးမား တို့ဖြစ်ကြသည်။

U Myo Thant




<< Back Europa League


Advertisement
Here