FA Cup News

ဒဏ်ရိုက်ခံရသော ချဲလ်ဆီးနှင့် အဲဗာတန်

Mar 03 , 2015

ကစားသမားများကို ထိန်းကွပ်မှု အားနည်းခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် ချဲလ်ဆီးနှင့် အဲဗာတန်တို့ကို FA က ဒဏ်ငွေ ပေါင် ၃ သောင်းစီ ပေးဆောင်ရန် အမိန့်ချခဲ့သည်။

လွန်ခဲ့သောလက ထို ၂ သင်း တွေ့ဆုံသည့် ပွဲတွင် နှစ်ဘက်ကစားသမားများ အချင်းများခဲ့ကြပြီး အဲဗာတန်မှ ဘယ်ရီမှာ ချဲလ်ဆီးမှ ၀ီလျံကို အဖျက်ကြမ်းသဖြင့် ၂ ၀ါ ၁ နီ နှင့်ထွက်ခဲ့ရပြီး နောက်ပိုင်း ကစားသမားများ အချင်းများခဲ့ကာ အသင်းတာဝန်ရှိသူများ အနေနှင့် ကစားသမားများကို ထိန်းသိမ်းရာတွင် လိုအပ်ချက်များရှိခဲ့သည်ဟု FA က ဆုံးဖြတ်ခဲ့သည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကစားခဲ့သော ထိုပွဲတွင် ချဲလ်ဆီးက ၁းဝ ဖြင့် အနိုင်ရရှိခဲ့သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here