Bundesliga News

စာချုပ်မချုပ်ရသေးတဲ့ ခရူးစ်

Jun 19 , 2014

ဂျာမနီတွင် ကွင်းလယ်ကစားသမား တိုနီခရူးစ်မှာ ဘိုင်ယန်နှင့် စာချုပ်သစ် ချုပ်ဆိုခြင်းမရှိသေးကြောင်းသိရပြီး ယင်းကြောင့် မန်ယူသို့ ပြောင်းရန်မှာ ဖြစ်နိုင်သည်ဟု ဆိုသည်။

ဘိုင်ယန်အသင်းမှာ လွန်ခဲ့သော အပတ်က မူလာနှင့် ၂၀၁၉ ထိ စာချုပ်သစ်၊ ဖိလစ်လမ်းနှင့် ၂၀၁၈ ထိ စာချုပ်သစ်များ ချုပ်ဆိုခဲ့သော်လည်း ခရူးစ်နှင့် စာချုပ်ကိစ္စမှာ နီးစပ်ခြင်း မရှိသေးကြောင်း သိရသည်။

ခရူးအစ်အနေနှင့် ဘိုင်ယန်၏ ကနဦးကမ်းလှမ်းချက်ကို ပယ်ချထားသူဖြစ်ပြီး ၂၀၁၅ တွင် စာချုပ်သက်တမ်းစေမည့်သူ ဖြစ်သည်။

၂၄ နှစ်သား ခရူးစ်က ဘာသတင်းမှ မလာသေးပါဘူး.....မူလာနဲ့ လမ်းတို့ရဲ့ စာချုပ် သစ်တွေ အတွက် သူတို့ကို ဂုဏ်ပြုပါတယ်။

ကျွန်တော့်ဘက်ကတော့ ဒီအချိန်မှာ ဘာမှမပြောလိုသေးပါဘူး ဟု ဗုဒ္ဓဟူးနေ့က ရင်ဖွင့်သွားခဲ့ သည်။ ခရူးစ်တို့၏ ဂျာမနီအသင်းမှာ ပေါ်တူဂီကို ၄ ဂိုးပြတ်ဖြင့် နိုင်ခဲ့ပြီးနောက် လာမည့်စနေနေ့တွင် ဂါနာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here