SEA Games News

ခြေစမ်းပွဲကစားမည့် မြန်မာ ယူ-၂၃

Mar 06 , 2015

၂၈ ကြိမ်မြောက် စင်ကာပူ ဆီးဂိမ်းတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ အသင်းမှာ တောင်ကိုးရီးယား၊ ဂျပန်တို့တွင် မကြာမီခြေစမ်းပွဲများ ကစားမည် ဖြစ်သည်။

လာမည့် မတ်လ ၁၁ ရက်နေ့တွင် မြန်မာ ယူ-၂၃ အသင်းသည် ဂျပန် ယူ-၂၃ အသင်းနှင့်လည်းကောင်း၊ မတ်လ ၁၃ နှင့် ၁၅ တို့တွင် တောင်ကိုးရီးယား ကလပ်များနှင့်လည်းကောင်း ခြေစမ်းပွဲကစားကြမည်ဟု သိရသည်။

၂၀၁၆ အာရှ ယူ-၂၃ ပြိုင်ပွဲအတွက် ခြေစစ်ပွဲများ ကစားရဦးမည့် မြန်မာ ယူ-၂၃ အုပ်စု F တွင် ပါဝင်နေပြီး မတ်လ ၂၇ ရက်နေ့တွင် အိမ်ရှင် တရုတ်တိုင်ပေ၊ ၂၉ ရက်နေ့တွင် ဟောင်ကောင်၊ ၃၁ ရက်နေ့တွင် သြစတြေးလျတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ယင်း အာရှ ယူ-၂၃ ခြေစစ်ပွဲနှင့် ၂၀၁၅ ဆီးဂိမ်းအတွက် ရွေးချယ်ထားသော မြန်မာအသင်းနှင့် လူစာရင်းမှာ-

ဂိုး - ကျော်ဇင်ဖြိုး၊ ဇော်ဇော်နိုင်၊ ရန်အောင်လင်း။

နောက်တန်း - ကျော်ဇင်လင်း၊ ဇော်ဝင်း၊ တောင်ဖွတ်တန်၊ ကိုကိုဟိန်း၊ ဇော်ရဲထွန်း၊ ဖြိုးကိုကိုသိန်း၊ စည်သူအောင်၊ ဟိန်းသီဟဇော်။

အလယ်တန်း - နေလင်းထွန်း၊ ချစ်စုမိုး၊ လှိုင်ဘိုဘို၊ အောင်ရှိုး၊ သာမောင်၊ ရဲကိုဦး၊ ဇွန်မိုးအောင်၊ မျိုးမင်းဇော်။

ရှေ့တန်း - ကောင်းဆက်နိုင်၊ ရှိုင်းသူရ၊ သန်းထိုက်အောင်၊ ဒွေးကိုကိုချစ်၊ သီဟဇော် တို့ဖြစ်ကြသည်။

U Myo Thant




<< Back SEA Games News


Advertisement
Here