Europa League

သြစတြေးလျသွားမည့် စပါး

Mar 06 , 2015

စပါးအသင်းသည် ရာသီကုန်ပြီးချိန်တွင် သြစတြေးလျသို့သွားကာ ဆစ်ဒနီ FC နှင့် ချစ်ကြည်ရေး ခြေစမ်းပွဲသွားမည် ဖြစ်သည်။

စပါးမှာ ပရီးမီးယားပွဲစဉ် ၃၈ တွင် အဲဗာတန်နှင့် ယှဉ်ပြိုင်ကာ ၂၀၁၄-၁၅ ရာသီကို နှုတ်ဆက်မည်ဖြစ်ပြီး ယင်းပွဲအပြီး နောက် ၅ ရက်အကြာ မေလ ၃၀ ရက်နေ့တွင် ဆစ်ဒနီ FC နှင့် ကစားမည်ဖြစ်သည်။

စပါးနည်းပြ ပိုချက်တီနိုက မိမိတို့အနေနှင့် ဥရောပအပြင်ဘက်တွင် ရှိနေသော ပရိသတ်များကို ပေးဆပ်လိုသော သဘောဖြင့် ယခုချစ်ကြည်ရေးခရီးစဉ်ကို စီစဉ်ရခြင်းဖြစ်ကြောင်း သြစတြေးလျ အေလိဂ်မှ အသင်းကြီးတစ်သင်းဖြစ်သည့် ဆစ်ဒနီနှင့် ကစားရမည့်ပွဲမှာ ပွဲကောင်းတစ်ပွဲ ဖြစ်လာမည်မှာ သေချာကြောင်း ပြောဆို ခဲ့သည်။

U Myo Thant




<< Back Europa League


Advertisement
Here