Coppa Italia Cup News

နားရဦးမည့် ဂိုမက်ဇ်

Mar 07 , 2015

ဖီအိုရင်တီးနား တိုက်စစ်မှူး ဂိုမက်ဇ်မှာ ဂျူဗင်တပ်ကို ၂း၁ ဖြင့် နိုင်ခဲ့သည့် ကိုပါအီတာလျံ ပထမအကျော့ပွဲတွင် ဒဏ်ရာရခဲ့သဖြင့် နှစ်ပတ်ခန့် နားရမည်ဖြစ်သည်။

ဂိုမက်ဇ်မှာ ၂၀၁၃ ဘိုင်ယန်မှ ဖီအိုရင်တီးနားသို့ ပြောင်းခဲ့သူဖြစ်ပြီး ဒူးဒဏ်ရာကြောင့် ကာလရှည် နားခဲ့ရဘူးသူ ဖြစ်သည်။

ယခုတစ်ခါ ရရှိခဲ့သော ခြေကျင်းဝတ် ဒဏ်ရာမှာ နှစ်ပတ်ခန့်သာ နားရမည်ဆိုသော်လည်း ထိုကဲ့သို့ ဒဏ်ရာမကြာခဏ ရတတ်မှုအပေါ် အသင်းတာဝန်ရှိသူများက စိတ်ပူပန်လျက်ရှိသည်။

ယခုဒဏ်ရာကြောင့် ၂၉ နှစ်သား ဂိုမက်ဇ်မှ စီးရီးအေပွဲစဉ် ၂ ပွဲ ဖြစ်သည့် လာဇီယို၊ မီလန်တို့နှင့် တွေ့ဆုံရမည့်ပွဲများ အပြင် ရိုးမားနှင့် ကစားရမည့် ယူရိုပါလိဂ် ရှုံးထွက် ပထမအကျော့ပွဲစဉ်ကိုပါ လွဲချော်လိမ့်မည် ဖြစ်သည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here